ထို့ကြောင့် သူတို့သည် မိမိတို့ညီမရေဗက္ကာနှင့် သူ၏အထိန်းကို အာဗြဟံ၏အစေအပါး၊ သူ၏လူတို့နှင့်အတူ လွှတ်လိုက်ကြ၏။
ထွက်မြောက် 18:27 - မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် မောရှေသည် သူ၏ယောက္ခမအား ပြန်ခွင့်ပြု၍ သူသည် နေရင်းပြည်သို့ပြန်သွားလေ၏။ Common Language Bible ထိုနောက်ယေသရောသည် မောရှေအားနှုတ် ခွန်းဆက်သ၍ မိမိ၏နေရပ်သို့ပြန်သွား လေသည်။ Garrad Bible ထို နောက် ပြန် သွား ရန် မော ရှေ ခွင့် ပြု သည့် အ တိုင်း၊ ယော က္ခမ သည် နေ ရင်း ပြည် သို့ သွား လေ၏။ Judson Bible ထိုနောက် မောရှေသည် ယောက္ခမသွားရသောအခွင့်ကိုပေး၍၊ သူသည် မိမိနေရာသို့သွားလေ၏။ |
ထို့ကြောင့် သူတို့သည် မိမိတို့ညီမရေဗက္ကာနှင့် သူ၏အထိန်းကို အာဗြဟံ၏အစေအပါး၊ သူ၏လူတို့နှင့်အတူ လွှတ်လိုက်ကြ၏။
လာဗန်သည် နံနက်စောစောထ၍ မိမိမြေး၊ မိမိသမီးတို့ကိုနမ်းပြီးလျှင် သူတို့ကိုကောင်းချီးပေးလေ၏။ ထို့နောက် လာဗန်သည် ထွက်ခွာ၍ မိမိနေရပ်သို့ပြန်သွားလေ၏။
တစ်ဖန် ထိုသူသည် မိမိမယားငယ်နှင့်တကွ ငယ်သားပါလျက် ပြန်သွားမည်ပြုသောအခါ ယောက္ခမက “ယခု ညနေစောင်းပြီ၊ မိုးချုပ်တော့မည်။ ယခုညလည်း အိပ်ပါဦး။ အေးအေးဆေးဆေးနားပါဦး။ မနက်ရောက်မှ စောစောထ၍ သင့်အိမ်သို့ ပြန်ပါ”ဟု ဆို၏။
ထို့နောက် ချွေးမနှစ်ယောက်နှင့်အတူ လက်ရှိနေထိုင်ရာအရပ်မှ ယုဒပြည်သို့ ခရီးပြုထွက်ခွာလာကြ၏။