ထွက်မြောက် 18:18 - မြန်မာ့စံမီသမ္မာကျမ်း သင်နှင့်တကွ ဤလူတို့သည် အမှန်တကယ်ပင်ပန်းကြလိမ့်မည်။ သင့်အတွက် ဤအမှုသည် ကြီးလေးသောကြောင့် သင်တစ်ယောက်တည်း မဆောင်ရွက်နိုင်။ Common Language Bible သင်နှင့်တကွဤသူအားလုံးတို့သည်ပင် ပန်းနွမ်းရိကြလိမ့်မည်။ ဤတာဝန်သည်သင့် အတွက်ကြီးလွန်းလှ၏။ သင်တစ်ဦးတည်း ထမ်းဆောင်နိုင်မည်မဟုတ်။- Garrad Bible သင် မှ စ၍ အ တူ ရှိ သော လူ မျိုး သည် ပင် ပန်း နွမ်း ရိ ကြ လိမ့် မည်။ ဤ အ ရာ သည် သင် တစ် ယောက် တည်း မ တတ် နိုင် အောင် လေး သော အ ရာ ဖြစ် ၏။ Judson Bible သင်မှစ၍ သင်၌ပါသော ဤလူများတို့သည် အမှန်အားလျော့ကြလိမ့်မည်။ ဤအမှုသည် သင်၌အလွန်လေး၏။ တစ်ယောက်တည်း မတတ်နိုင်သောအမှုဖြစ်၏။ |
ငါသည် သင်တို့၏စိတ်ဝိညာဉ်အတွက် ဝမ်းမြောက်စွာ ငါ့ဥစ္စာကိုအသုံးပြု၍ ငါ့ကိုယ်ကိုလည်း အကုန်အစင်အသုံးပြုမည်။ သင်တို့အပေါ် ငါ၏ချစ်ခြင်းမေတ္တာတိုးပွားလာလျှင် ငါ့အပေါ် သင်တို့၏ချစ်ခြင်းမေတ္တာလျော့ပါးသွားမည်လော။
အဘယ်ကြောင့်ဆိုသော် သင်တို့သည် ငါ့ကိုကူညီထောက်မရာ၌ လိုအပ်သည့်အပိုင်းကိုဖြည့်ဆည်းပေးရန် သူသည် မိမိအသက်ကိုပဓာနမထားဘဲ ခရစ်တော်၏အမှုတော်အတွက် သေလုနီးပါးဖြစ်ခဲ့၏။