မောရှေက “ချန်ထားသောမုန့်ကို ယနေ့စားကြလော့။ ယနေ့သည် ထာဝရဘုရား၏ဥပုသ်နေ့ဖြစ်၍ ထိုမုန့်ကို ယနေ့ မြေပေါ်၌တွေ့ရမည်မဟုတ်။
ထွက်မြောက် 16:26 - မြန်မာ့စံမီသမ္မာကျမ်း သင်တို့သည် ခြောက်ရက်ပတ်လုံး မုန့်ကို ကောက်ယူကြရမည်။ ဥပုသ်နေ့ဖြစ်သောသတ္တမနေ့၌မူကား ရှိမည်မဟုတ်”ဟု ဆိုလေ၏။ Common Language Bible ထို့ကြောင့်သင်တို့သည်ခြောက်ရက်ပတ်လုံး မုန့်ကိုစုသိမ်းရမည်။ နားရက်ဖြစ်သောသတ္တမ နေ့တွင်စားစရာရရှိနိုင်မည်မဟုတ်'' ဟု ဆိုလေ၏။ Garrad Bible တော တွင် မုန့် တွေ့ မည် မ ဟုတ်။ ခြောက် ရက် ပတ် လုံး ကောက် ယူ ကြ မည်။ သ တ္တ မ နေ့ တွင် ဥ ပုသ် နေ့ ဖြစ်၍ ရ ရှိ လိမ့် မည် မ ဟုတ် ဟု ဆို လျက် ပင်၊ Judson Bible ခြောက်ရက်ပတ်လုံးသိမ်းယူရကြ၏။ ဥပုသ်နေ့တည်းဟူသော ခုနစ်ရက်မြောက်သောနေ့တွင် မရှိမတွေ့ရဟုဆိုလေ၏။ |
မောရှေက “ချန်ထားသောမုန့်ကို ယနေ့စားကြလော့။ ယနေ့သည် ထာဝရဘုရား၏ဥပုသ်နေ့ဖြစ်၍ ထိုမုန့်ကို ယနေ့ မြေပေါ်၌တွေ့ရမည်မဟုတ်။
ဘုရားရှင်ထာဝရဘုရားက ‘အလုပ်လုပ်နေသောခြောက်ရက်အတွင်းတွင် အရှေ့ဘက်ရှိ အတွင်းဝင်းတံခါးကို ပိတ်ထားရမည်။ သို့သော် ဥပုသ်နေ့တွင် ဖွင့်ထားရမည်။ လဆန်းနေ့တွင်လည်း ဖွင့်ထားရမည်။
သို့သော် ဥပုသ်နေ့၌ အနာရောဂါကိုယေရှုငြိမ်းစေတော်မူသောကြောင့် ဝတ်ပြုစည်းဝေးကျောင်းတာဝန်ခံသည် စိတ်ဆိုးလျက် “အလုပ်လုပ်ရမည့်နေ့ရက်ခြောက်ရက်ရှိသည်ဖြစ်၍ ထိုနေ့ရက်များ၌လာ၍ ရောဂါငြိမ်းစေခြင်းကိုခံယူကြလော့။ ဥပုသ်နေ့၌မလာကြနှင့်”ဟု လူထုပရိသတ်တို့အားဆို၏။