ထွက်မြောက် 16:16 - မြန်မာ့စံမီသမ္မာကျမ်း ထာဝရဘုရားက ‘တစ်ဦးစီစားနိုင်သလောက် ကောက်ယူကြလော့။ သင်တို့၏လူအရေအတွက်အလိုက် မိမိတဲ၌ရှိသောသူတစ်ဦးစီအတွက် တစ်ယောက်တစ်ဩမဲစီ ယူကြရမည်’ဟူ၍ မိန့်တော်မူ၏”ဟု ဆိုလေ၏။ Common Language Bible လူတိုင်းမိမိလိုသမျှကိုစုသိမ်းရမည်။ လူ တစ်ဦးစီက မိမိအိမ်၌ရှိသမျှသောသူ အားလုံးတို့အတွက် တစ်ယောက်လျှင်တစ်ပြည် ကျစုသိမ်းရမည်ဖြစ်ကြောင်းထာဝရ ဘုရားမိန့်တော်မူသည်'' ဟုဆိုလေ၏။ Garrad Bible လူ တိုင်း ကိုယ့် တဲ ရှိ သူ တို့ အ ဖို့ အ သီး အ သီး အိုး စား အ လိုက်၊ လူ ဦး ရေ အ လျောက်၊ တစ် ယောက် လျှင် တစ် သြ မဲ စီ ကောက် ယူ ကြ လော့ ဟု ထာ ဝ ရ ဘု ရား မိန့် မှာ တော် မူ ကြောင်း မော ရှေ ဆင့် ဆို သည် နှင့် အ ညီ၊ Judson Bible လူတိုင်း မိမိတဲ၌ရှိသောသူအရေအတွက်နှင့်အညီ၊ လူအသီးအသီးစားလောက်အောင် တစ်ယောက်တစ်ဩမဲစီ သိမ်းယူကြလော့ဟု ထာဝရဘုရားမိန့်တော်မူကြောင်းကို ပြန်ပြောလေ၏။ |
သူတို့သည် ဩမဲဖြင့် ခြင်တွယ်သောအခါ များများရသောသူမပို၊ နည်းနည်းရသောသူမလိုချေ။ တစ်ဦးစီစားနိုင်သလောက် ကောက်ယူကြ၏။