ထွက်မြောက် 16:10 - မြန်မာ့စံမီသမ္မာကျမ်း အာရုန်သည် အစ္စရေးအမျိုးသားလူထုအပေါင်းတို့အား ဆင့်ဆိုစဉ် သူတို့သည် တောကန္တာရဘက်သို့လှည့်ကြည့်သောအခါ မိုးတိမ်ထဲ၌ ထာဝရဘုရား၏ဘုန်းအသရေတော် ထင်ရှားနေသည်ကိုမြင်ရကြလေ၏။ Common Language Bible အာရုန်သည်ဣသရေလအမျိုးသားအပေါင်း တို့အား မောရှေမှာကြားသည့်အတိုင်းဆင့်ဆို နေစဉ် သူတို့သည်တောကန္တာရဘက်သို့မျှော် ကြည့်လိုက်သောအခါ မိုးတိမ်၌ထာဝရ ဘုရား၏တောက်ပသောဘုန်းအသရေ တော်ရုတ်တရက်ပေါ်လာသည်ကိုဖူးမြင် ရကြလေ၏။- Garrad Bible အာ ရုန် ကြား ပြော သော အ ခါ ဣ သ ရေ လ အ မျိုး သား အ ပေါင်း ပ ရိ သတ် သည် တော သို့ မျှော် ကြည့်၍ တိမ် တိုက်၌ ထင် ရှား သော ထာ ဝ ရ ဘု ရား၏ ဘုန်း တော် ကို မြင် ရ ကြ ၏။ Judson Bible အာရုန်သည် ဣသရေလအမျိုးသား ပရိသတ်အပေါင်းတို့အား ဆင့်ဆိုသောအခါ၊ သူတို့သည် တောသို့မျှော်ကြည့်၍၊ မိုးတိမ်၌ထင်ရှားသော ထာဝရဘုရား၏ဘုန်းတော်ကို မြင်ရကြ၏။ |
နံနက်အချိန်၌လည်း ထာဝရဘုရား၏ဘုန်းအသရေတော်ကို သင်တို့တွေ့မြင်ရကြလိမ့်မည်။ အကြောင်းမူကား ထာဝရဘုရားအား သင်တို့မြည်တွန်တောက်တီးသောအသံကို ထာဝရဘုရားကြားတော်မူပြီ။ ငါတို့ကား မည်သူဖြစ်၍ ငါတို့ကို ညည်းညူပြရသနည်း”ဟု ဆိုလေ၏။
ထာဝရဘုရား၏ဘုန်းအသရေတော်သည် သိနာတောင်ပေါ်၌တည်၍ တိမ်တိုက်သည် ခြောက်ရက်ပတ်လုံး တောင်ကိုဖုံးလွှမ်းလေ၏။ သတ္တမနေ့၌ ထာဝရဘုရားသည် မောရှေအား တိမ်တိုက်ထဲမှ ခေါ်တော်မူ၏။
မောရှေနှင့်အာရုန်တို့သည် တွေ့ဆုံစည်းဝေးရာတဲတော်ထဲသို့ဝင်ကြ၏။ သူတို့ ပြန်ထွက်လာ၍ လူတို့ကိုကောင်းချီးပေးသောအခါ ထာဝရဘုရား၏ဘုန်းအသရေသည် လူအပေါင်းတို့အား ထင်ရှားပြတော်မူ၏။
ထိုအခါ မောရှေက “ဤသည်ကား သင်တို့ထံ ထာဝရဘုရား၏ဘုန်းအသရေထင်ရှားတော်မူမည့်အကြောင်း ထာဝရဘုရားမိန့်မှာတော်မူသော သင်တို့ဆောင်ရွက်ရမည့်အရာဖြစ်၏”ဟု ဆို၏။
သို့သော် လူထုအပေါင်းတို့သည် သူတို့ကို ခဲနှင့်ပေါက်သတ်ရန် ပြောဆိုကြ၏။ ထိုအခါ ထာဝရဘုရား၏ဘုန်းအသရေတော်သည် တွေ့ဆုံစည်းဝေးရာတဲတော်၌ အစ္စရေးအမျိုးသားအပေါင်းတို့ရှေ့တွင် ထင်ရှားလေ၏။
ကောရသည် လူထုအပေါင်းတို့ကို တွေ့ဆုံစည်းဝေးရာတဲတော်အဝင်ဝ၌ စုရုံးစေ၏။ ထိုအခါ ထာဝရဘုရား၏ဘုန်းအသရေတော်သည် လူထုအပေါင်းတို့ရှေ့၌ထင်ရှား၍
ထိုသို့ လူထုပရိသတ်တို့သည်စုရုံး၍ မောရှေနှင့်အာရုန်ကိုဆန့်ကျင်စဉ် တွေ့ဆုံစည်းဝေးရာတဲတော်ဘက်သို့လှည့်ကြည့်ရာ မိုးတိမ်သည် တဲတော်ကိုဖုံးလွှမ်း၍ ထာဝရဘုရား၏ဘုန်းအသရေတော်ထင်ရှားသည်ကို မြင်ကြလေ၏။
ထိုသို့ ပေတရုလျှောက်ထားစဉ် တောက်ပသောမိုးတိမ်သည် သူတို့ကိုဖုံးလွှမ်း၍ မိုးတိမ်ထဲမှအသံတော်က “ဤသူကား ငါ၏ချစ်သားပေတည်း။ သူ့ကိုငါနှစ်သက်၏။ သူ့စကားကို နားထောင်ကြလော့”ဟု မိန့်တော်မူ၏။