ခုနစ်ရက်ပတ်လုံး တဆေးမဲ့မုန့်ကိုစား၍ သတ္တမနေ့၌ ထာဝရဘုရားအဖို့ ပွဲတော်ကျင်းပရမည်။
ခုနစ်ရက်ပတ်လုံးတဆေးမဲ့မုန့်ကိုစားပြီး လျှင် သတ္တမနေ့၌ထာဝရဘုရားပွဲတော် ကိုကျင်းပရမည်။-
ခု နစ် ရက် ပတ် လုံး တ ဆေး မဲ့ မုန့် ကို စား လျက် သ တ္တ မ နေ့ တွင် ထာ ဝ ရ ဘု ရား ရှေ့ ပူ ဇော် ပွဲ ကျင်း ပ ကြ ရ မည်။
ခုနစ်ရက်ပတ်လုံး တဆေးမပါသောမုန့်ကိုစားပြီးမှ၊ ခုနစ်ရက်မြောက်သောနေ့တွင်၊ ထာဝရဘုရားအဖို့ပွဲခံရကြမည်။
ဂျေရုဆလင်မြို့သို့လာရောက်သော အစ္စရေးအမျိုးသားတို့သည် တဆေးမဲ့မုန့်ပွဲတော်ကို ခုနစ်ရက်ပတ်လုံး အလွန်ဝမ်းမြောက်ပျော်ရွှင်စွာ ကျင်းပကြ၏။ လေဝိအမျိုးသားတို့နှင့် ယဇ်ပုရောဟိတ်တို့သည်လည်း ထာဝရဘုရားထံ နေ့စဉ်ချီးမွမ်းသီဆိုကြ၏။ တူရိယာများတီးမှုတ်လျက် ထာဝရဘုရားအား ချီးမွမ်းကြ၏။
တဆေးမဲ့မုန့်ပွဲတော်ကို စောင့်ထိန်းရမည်။ အဗိဗလ၌ အီဂျစ်ပြည်မှ သင်ထွက်လာသည်ဖြစ်၍ သင့်အားငါမိန့်မှာထားသည့်အတိုင်း သတ်မှတ်ထားသောအချိန်၊ အဗိဗလ၌ ခုနစ်ရက်ပတ်လုံး တဆေးမဲ့မုန့်ကိုစားရမည်။
ခုနစ်ရက်ပတ်လုံး မီးဖြင့်ပူဇော်သောယဇ်ကို ထာဝရဘုရားအား ပူဇော်ရမည်။ ခုနစ်ရက်မြောက်သောနေ့၌ သန့်ရှင်းသောဓမ္မစည်းဝေးခြင်းကို ပြုရမည်။ သင်တို့သည် မည်သည့်အလုပ်ကိုမျှ မလုပ်ရ”ဟု မိန့်တော်မူ၏။
ခြောက်ရက်ပတ်လုံး တဆေးမဲ့မုန့်ကိုစားရမည်။ သတ္တမနေ့၌ သင်၏ဘုရားသခင်ထာဝရဘုရားအဖို့ ဓမ္မစည်းဝေးပွဲကြီးကို ကျင်းပရမည်။ အလုပ်မလုပ်ရ။
ပသခါပွဲတော်ကျင်းပပြီးနောက်တစ်နေ့တွင် ထိုပြည်ထွက်တဆေးမဲ့မုန့်နှင့် မုန့်ဆန်းကို ထိုနေ့ချင်းတွင် စားကြ၏။