သို့သော် ဘုရားသခင်သည် အဘိမလက်မင်းကြီးထံသို့ ညအိပ်မက်ထဲတွင်ကြွလာ၍ “သင်သိမ်းယူသောမိန်းမကြောင့် သင်သေရမည်။ အကြောင်းမှာ သူသည် ယောက်ျားရှိသောမိန်းမဖြစ်၏”ဟု မိန့်တော်မူ၏။
ထွက်မြောက် 12:33 - မြန်မာ့စံမီသမ္မာကျမ်း အီဂျစ်လူမျိုးတို့က “ငါတို့အားလုံးသေကုန်လိမ့်မည်”ဟု ဆိုလျက် အစ္စရေးလူမျိုးတို့ကို အီဂျစ်ပြည်ထဲမှ အလျင်အမြန်ထွက်သွားကြစေရန် နှိုးဆော်ကြ၏။ Common Language Bible အီဂျစ်အမျိုးသားတို့က``သင်တို့သည်ဤ ပြည်မှမထွက်လျှင် ငါတို့အားလုံးသေရ ပါလိမ့်မည်'' ဟုဆိုလျက်ဣသရေလအမျိုး သားတို့ကိုအီဂျစ်ပြည်မှ အလျင်အမြန် ထွက်သွားရန်တိုက်တွန်းကြလေသည်။- Garrad Bible အိ ဂျစ် လူ တို့ က လည်း ငါ တို့ ရှိ သ မျှ အ သေ ဖြစ် ကြ ပြီ ဟု ဆို လျက် ပြည် ထဲ မှ အ မြန် ထွက် သွား စေ ရန် နှိုး ဆော် ကြ သည့် အ လျောက်၊ Judson Bible အဲဂုတ္တုလူတို့ကလည်း၊ ငါတို့ရှိသမျှသည် အသေကောင်ဖြစ်ကြပြီဟုဆိုလျက်၊ ဣသရေလလူတို့ကို အဲဂုတ္တုပြည်ထဲက အလျင်အမြန်လွှတ်ခြင်းငှာ ကျပ်ကျပ်နှိုးဆော်ကြ၏။ |
သို့သော် ဘုရားသခင်သည် အဘိမလက်မင်းကြီးထံသို့ ညအိပ်မက်ထဲတွင်ကြွလာ၍ “သင်သိမ်းယူသောမိန်းမကြောင့် သင်သေရမည်။ အကြောင်းမှာ သူသည် ယောက်ျားရှိသောမိန်းမဖြစ်၏”ဟု မိန့်တော်မူ၏။
သူတို့ထွက်ခွာသွားသောအခါ အီဂျစ်ပြည်သည် ဝမ်းမြောက်၏။ အကြောင်းမူကား သူတို့ကိုကြောက်ရွံ့သောစိတ်သည် ထိုပြည်သားတို့ကို လွှမ်းမိုးခဲ့၏။
ဖာရောမင်းကြီး၏အမှုထမ်းတို့ကလည်း “ဤသူသည် အကျွန်ုပ်တို့ကို မည်မျှကြာအောင် စိတ်အနှောင့်အယှက်ပေးနေဦးမည်နည်း။ သူတို့၏ဘုရားသခင်ထာဝရဘုရားအား ဝတ်ပြုရန် ယောက်ျားသားများကိုလွှတ်ပေးလိုက်ပါ။ အီဂျစ်ပြည်ပျက်စီးနေသည်ကို အရှင်မသိသလော”ဟု ဖာရောမင်းကြီးအား လျှောက်ကြ၏။
တစ်ဖန် ထာဝရဘုရားက မောရှေအား “ငါသည် နောက်ဘေးဒဏ်တစ်ပါးကို ဖာရောမင်းကြီးနှင့် အီဂျစ်ပြည်ပေါ်သို့ ကျရောက်စေဦးမည်။ ထို့နောက်မှ သင်တို့ကို ဤပြည်မှ လွှတ်ပေးလိမ့်မည်။ လွှတ်ပေးသောအခါတွင်လည်း သင်တို့ကို ဤပြည်မှ တစ်ယောက်မကျန်နှင်ထုတ်လိမ့်မည်။
အီဂျစ်ပြည်မှနှင်ထုတ်ခံရစဉ်က သူတို့သည်အချိန်မရသဖြင့် မိမိတို့အတွက်စားနပ်ရိက္ခာကိုပင် မပြင်ဆင်နိုင်ကြ။ ထို့ကြောင့် အီဂျစ်ပြည်မှယူဆောင်လာသည့် တဆေးမဖောက်ထားသော မုန့်နှစ်ဖြင့် တဆေးမဲ့မုန့်ပြားကိုသာ ဖုတ်စားကြရ၏။
ထာဝရဘုရားက မောရှေအား “ယခု ငါသည် ဖာရောမင်းကြီးအား မည်သို့ပြုမည်ကို သင်တွေ့မြင်ရမည်။ အားကြီးသောလက်တော်ကြောင့် သူသည် ဤလူမျိုးကို လွှတ်လိမ့်မည်။ အားကြီးသောလက်တော်ကြောင့် သူသည် ဤလူမျိုးကို သူ၏တိုင်းပြည်မှ နှင်ထုတ်လိမ့်မည်”ဟု မိန့်တော်မူ၏။
သင်တို့သည် အလျင်စလိုမထွက်သွားရကြ။ ပြေး၍လည်းမသွားရကြ။ အကြောင်းမူကား ထာဝရဘုရားသည် သင်တို့ရှေ့၌ကြွတော်မူမည်။ အစ္စရေးလူမျိုး၏ဘုရားသခင်သည် အနောက်မှလည်း သင်တို့ကို ကာကွယ်တော်မူမည်။
ပြင်းထန်သောဘုရင့်အမိန့်တော်ကြောင့် ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါတို့ကို ဆွဲခေါ်လာသူတို့ပင် မီးပြင်းဖိုမှ မီးလျှံအပူရှိန်ကြောင့် သေကြကုန်၏။