ခုနစ်ရက်ပတ်လုံးတဆေးမဲ့မုန့်ကိုစားရမည်။ ပထမနေ့၌ပင် တဆေးကို သင်တို့၏အိမ်များမှ ဖယ်ရှားရမည်။ အကြောင်းမူကား ပထမနေ့မှစ၍ သတ္တမနေ့တိုင်အောင် တဆေးပါသောမုန့်ကိုစားသောသူတိုင်း အစ္စရေးလူမျိုးမှ ပယ်ဖျက်ခြင်းခံရမည်။
ထွက်မြောက် 12:18 - မြန်မာ့စံမီသမ္မာကျမ်း ပထမလ၊ တစ်ဆယ့်လေးရက်နေ့ နေဝင်ချိန်မှစ၍ နှစ်ဆယ့်တစ်ရက်နေ့ နေဝင်ချိန်တိုင်အောင် တဆေးမဲ့မုန့်ကို သင်တို့စားရမည်။ Common Language Bible သင်တို့သည်ပထမလတစ်ဆယ့်လေးရက် နေ့ညနေမှ နှစ်ဆယ့်တစ်ရက်နေ့ညနေ တိုင်အောင်တဆေးမဲ့မုန့်ကိုစားရမည်။- Garrad Bible ပ ထ မ လ၊ ဆယ့် လေး ရက် ညဉ့် ဦး မှ စ၍ နှစ် ဆယ့် တစ် ရက် ညဉ့် ဦး တိုင် အောင် တ ဆေး မဲ့ မုန့် ကို သာ သင် တို့ စား ရ ကြ မည်။ Judson Bible ပထမလဆယ်လေးရက်နေ့ ညဉ့်ဦးမှစ၍ နှစ်ဆယ်တစ်ရက်နေ့ ညဉ့်ဦးတိုင်အောင်၊ သင်တို့သည် တဆေးမပါသောမုန့်ကို စားရကြမည်။ |
ခုနစ်ရက်ပတ်လုံးတဆေးမဲ့မုန့်ကိုစားရမည်။ ပထမနေ့၌ပင် တဆေးကို သင်တို့၏အိမ်များမှ ဖယ်ရှားရမည်။ အကြောင်းမူကား ပထမနေ့မှစ၍ သတ္တမနေ့တိုင်အောင် တဆေးပါသောမုန့်ကိုစားသောသူတိုင်း အစ္စရေးလူမျိုးမှ ပယ်ဖျက်ခြင်းခံရမည်။
တဆေးမဲ့မုန့်ပွဲတော်၏ပထမနေ့တွင် တပည့်တော်တို့သည် ယေရှုထံသို့ချဉ်းကပ်၍ “ပသခါပွဲတော်ညစာကို ကိုယ်တော်သုံးဆောင်ရန် အကျွန်ုပ်တို့အား မည်သည့်နေရာ၌ ပြင်ဆင်စေလိုပါသနည်း”ဟု မေးလျှောက်ကြ၏။
အစ္စရေးအမျိုးသားတို့သည် ဂိလဂါလအရပ်၌ စခန်းချ၍ ထိုလတစ်ဆယ့်လေးရက်၊ နေဝင်ချိန်တွင် ဂျေရိခေါလွင်ပြင်၌ ပသခါပွဲတော်ကို ကျင်းပကြ၏။