ငါသည် သင်တို့၏ဘုရားသခင်ထာဝရဘုရားဖြစ်၏။ ငါ၏ပြဋ္ဌာန်းချက်တို့ကို လိုက်လျှောက်ကြလော့။ ငါ၏စီရင်ထုံးဖွဲ့ချက်တို့ကို လိုက်နာစောင့်ထိန်းကြလော့။
တရားဟော 8:1 - မြန်မာ့စံမီသမ္မာကျမ်း ယနေ့ သင့်အား ငါဆင့်ဆိုသောပညတ်တော်ရှိသမျှတို့ကို လိုက်နာစောင့်ထိန်းရမည်။ သို့ပြုလျှင် သင်တို့သည် အသက်ချမ်းသာရာရ၍တိုးပွားလျက် ထာဝရဘုရားက ထိုပြည်ကို သင်တို့ဘိုးဘေးတို့အား ပေးမည်ဟုကျိန်ဆိုတော်မူခဲ့သည်နှင့်အညီ ထိုပြည်ကို ဝင်၍သိမ်းပိုက်ရလိမ့်မည်။ Common Language Bible ``သင်တို့သည်အသက်ရှင်၍တိုးပွားများပြား လျက် သင်တို့၏ဘိုးဘေးတို့အား ထာဝရဘုရား ကတိထားတော်မူသောပြည်ကိုသိမ်းပိုက်နေ ထိုင်နိုင်ခြင်းအလို့ငှာ ယနေ့ငါပေးသောပညတ် ရှိသမျှကိုလိုက်နာရန်သတိပြုကြလော့။- Garrad Bible ဘိုး ဘေး တို့ အား ထာ ဝ ရ ဘု ရား သ စ္စာ ဆို တော် မူ ခဲ့ သော ပြည် ကို ဝင် ရောက် ပိုင် ရ လျက် အ သက် ချမ်း သာ စွာ တိုး ပွား ကြ အံ့ သော ငှာ၊ ယ နေ့ ငါ ဆင့် ဆို သ မျှ သော ပ ညတ် ကို စောင့် ရှောက် လိုက် နာ ကြ လော့။ Judson Bible သင်သည် အသက်ရှင်၍ များပြားမည်အကြောင်း၊ ထာဝရဘုရားသည် သင်၏ဘိုးဘေးတို့အား ကျိန်ဆိုတော်မူသောပြည်သို့သွား၍ ဝင်စားမည်အကြောင်း၊ ယနေ့ ငါမှာထားသော ပညတ်အလုံးစုံတို့ကို ကျင့်ဆောင်အံ့သောငှာ သတိပြုရမည်။ |
ငါသည် သင်တို့၏ဘုရားသခင်ထာဝရဘုရားဖြစ်၏။ ငါ၏ပြဋ္ဌာန်းချက်တို့ကို လိုက်လျှောက်ကြလော့။ ငါ၏စီရင်ထုံးဖွဲ့ချက်တို့ကို လိုက်နာစောင့်ထိန်းကြလော့။
ထိုပြည်ကို သင်တို့အား ငါပေးပြီ။ ထိုပြည်ကို သင်တို့၏ဘိုးဘေးများဖြစ်သော အာဗြဟံ၊ ဣဇက်၊ ယာကုပ်မှစ၍ နောင်လာမည့်သားစဉ်မြေးဆက်တို့အား ပေးမည်ဟု ထာဝရဘုရားကျိန်ဆိုတော်မူသည်နှင့်အညီ ဝင်၍သိမ်းပိုက်ကြလော့’ဟု မိန့်တော်မူ၏။
အို အစ္စရေးလူမျိုးတို့၊ သင်တို့အား သင်တို့ဘိုးဘေးတို့၏ဘုရားသခင်ထာဝရဘုရားပေးတော်မူသောပြည်သို့ သင်တို့သည် အသက်ချမ်းသာရာရ၍ ဝင်ရောက်ပိုင်ဆိုင်ရမည့်အကြောင်း သင်တို့လိုက်နာရမည့် ငါသွန်သင်သော ပြဋ္ဌာန်းချက်နှင့်စီရင်ထုံးဖွဲ့ချက်တို့ကို နားထောင်ကြလော့။
သို့ဖြစ်၍ သင်တို့သည် သင်တို့၏ဘုရားသခင်ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း လိုက်နာစောင့်ထိန်းရမည်။ လက်ယာဘက်၊ လက်ဝဲဘက်သို့ လွှဲမသွားရ။
သင်တို့အား သင်တို့၏ဘုရားသခင်ထာဝရဘုရားမိန့်မှာတော်မူသောလမ်းရှိသမျှအတိုင်း လိုက်လျှောက်လော့။ သို့ပြုလျှင် သင်တို့ပိုင်ဆိုင်ရမည့်ပြည်၌ သင်တို့သည် အသက်ချမ်းသာရာရမည်။ ကောင်းစား၍ အသက်ရှည်မည်။
ထို့ကြောင့် သင်၏ဘုရားသခင်ထာဝရဘုရားကိုသာ သင်အောက်မေ့ရမည်။ အကြောင်းမူကား ကိုယ်တော်သည် သင့်ဘိုးဘေးတို့အားကျိန်ဆိုတော်မူခဲ့သည့် မိမိပဋိညာဉ်ကို တည်စေရန် ယနေ့မြင်ရသည့်အတိုင်း ဥစ္စာပစ္စည်းရနိုင်သည့်အစွမ်းကို သင့်အား ပေးတော်မူသောအရှင်ဖြစ်တော်မူ၏။