အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




တ​ရား​ဟော 7:24 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

သူ​တို့​၏​ရှင်ဘုရင်​များ​ကို​လည်း သင့်​လက်​သို့ အပ်​တော်မူ​သဖြင့် သင်​သည် သူ​တို့​၏​အမည်​များ​ကို မိုးကောင်းကင်​အောက်​မှ ဖျောက်ဖျက်​ပစ်​လိမ့်မည်​။ သူ​တို့​ကို မ​ဖျက်ဆီး​မီ​အထိ သင့်​ရှေ့​၌ မည်သူမျှ​ခံရပ်​နိုင်​မည်​မ​ဟုတ်​။

အခန်းကိုကြည့်ပါ။

Common Language Bible

ကိုယ်​တော်​သည်​သူ​တို့​၏​ဘု​ရင်​များ​ကို​သင်​တို့ ၏​လက်​သို့​အပ်​မည်။ သင်​တို့​သည်​ထို​ဘု​ရင်​များ ကို​သုတ်​သင်​ပယ်​ရှင်း​သ​ဖြင့် သူ​တို့​အ​ကြောင်း​ကို လူ​တို့​သ​တိ​ရ​ကြ​တော့​မည်​မ​ဟုတ်။ မည်​သည့် ရန်​သူ​က​မျှ​သင်​တို့​ကို​မ​ခု​ခံ​နိုင်။ သင်​တို့ သည်​ရန်​သူ​အား​လုံး​ကို​ချေ​မှုန်း​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။

Judson Bible

သူ​တို့​ရှင်​ဘု​ရင်​များ​ကို​လည်း သင့်​လက်၌​အပ်​တော်​မူ​သ​ဖြင့်၊ သူ​တို့​ဘွဲ့​နာ​မ​ကို​ပင် ကောင်း​ကင်​အောက်​မှာ ပယ်​ရှင်း​ရ​မည်။ သူ​တို့​ကို မ​ဖျက်​ဆီး​မီ​တိုင်​အောင် သင့်​ရှေ့​မှာ အ​ဘယ်​သူ​မျှ မ​ရပ်​မ​နေ​နိုင်​ရာ။

အခန်းကိုကြည့်ပါ။



တ​ရား​ဟော 7:24
26 ပူးပေါင်းရင်းမြစ်များ  

ကိုယ်တော်​သည် တိုင်းနိုင်ငံ​တို့​ကို ဆုံးမ​၍ ဆိုးယုတ်​သော​သူ​တို့​ကို​ဖျက်ဆီး​ကာ သူ​တို့​၏​အမည်​များ​ကို ကာလ​အစဉ်အဆက် ပယ်ဖျက်​တော်မူ​ပြီ​။


ထိုအခါ ထာဝရဘုရား​က မောရှေ​အား “​အာမလက်​လူမျိုး​တို့​ကို ကောင်းကင်​အောက်​တွင် အမှတ်ရစရာ​မျှ​မ​ကျန်​အောင် ငါ​ဖျောက်ဖျက်​ပစ်​မည်​ဖြစ်၍ ဤ​အမှု​ကို အောက်မေ့ဖွယ်​အဖြစ် ကျမ်းစာလိပ်​၌ ရေးမှတ်​ထား​ပြီး ယောရှု​ရှေ့​၌ ဖတ်ပြ​လော့​”​ဟု မိန့်​တော်မူ​၏​။


ဖြောင့်မတ်​သော​သူ​နှင့်ဆိုင်သော​အောက်မေ့စရာ​သည် ကောင်းချီးမင်္ဂလာ​ဖြစ်​၏​။ ဆိုးယုတ်​သော​သူ​၏​အမည်​မူကား ပျောက်ပျက်​သွား​လိမ့်မည်​။


သင့်​ကို​တိုက်ခိုက်​ရန် ထုတ်လုပ်​သော​လက်နက်​ရှိသမျှ​သည် အထမြောက်​မည်​မ​ဟုတ်​။ သင်​နှင့်​တရားဆိုင်​၍ သင့်​ကို​ဆန့်ကျင်​သော​လျှာ​ရှိသမျှ​တို့​ကို သင်​က အောင်​နိုင်​လိမ့်မည်​။ ဤသည်ကား ထာဝရဘုရား​၏​အစေအပါး​တို့ ရရှိ​သော​အမွေ​၊ ငါ့​ထံမှ​ရရှိ​သော​ဖြောင့်မတ်​ခြင်း​ဖြစ်​၏​”​ဟု မိန့်​တော်မူ​၏​။


သင်​တို့​က “​ကောင်းကင်​နှင့်​မြေကြီး​ကို မ​ဖန်ဆင်း​သော​ဘုရား​တို့​သည် ဤ​ကောင်းကင်​အောက်​နှင့် ဤ​မြေကြီး​ပေါ်မှ ပျောက်ပျက်​သွား​ရ​လိမ့်မည်​”​ဟု သူ​တို့​အား ပြော​ရ​မည်​။


“ငါ့​လက်​ကို​ဆန့်​ပြီး ယုဒ​ပြည်သူ ဂျေရုဆလင်​မြို့သား​အားလုံး​ကို တိုက်ခိုက်​မည်​။ ထို​အရပ်​၌ ကြွင်းကျန်​သော​ဗာလ​ဘုရား​နှင့် ရုပ်တု​ကိုးကွယ်​သော​ယဇ်ပုရောဟိတ်​များ​ဖြစ်​သော လူမျိုးခြား​တို့​၏​ယဇ်ပုရောဟိတ်​များ​ကို အမည်နာမ​နှင့်တကွ ငါ​ဖျက်ဆီး​ပစ်​မည်​။


သို့သော် ငါ​တို့​သည် ငါ​တို့​ကို​ချစ်​တော်မူ​သော​အရှင်​အားဖြင့် ထို​အမှု​ခပ်သိမ်း​တို့​ကို​ခံရ​စဉ်​၌​ပင် လုံးလုံးလျားလျား​အောင်မြင်​လျက်​ရှိ​ကြ​၏။


သို့သော် ငါ​တို့​သခင်​ယေရှု​ခရစ်တော်​အားဖြင့် ငါ​တို့​အား အောင်မြင်​ခြင်း​ကို​ပေး​တော်မူ​သော ဘုရားသခင်​၏​ကျေးဇူး​တော်​ကို​ချီးမွမ်း​၏။


သင်​တို့​ရှေ့​၌ မည်သူ​မျှ​ခံရပ်​နိုင်​မည်​မ​ဟုတ်​။ သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား မိန့်​တော်မူ​သည့်​အတိုင်း သင်​တို့​အား ထိတ်လန့်​ကြောက်ရွံ့​သော​သဘော​ကို သင်​တို့​နင်း​သမျှ​သော​မြေ​၌ ကျရောက်​စေ​တော်မူ​မည်​။


သို့ဖြစ်၍ သင်​၏​ဘုရားသခင်​ထာဝရဘုရား သင့်​အား အမွေ​အဖြစ် အပိုင်​ပေး​တော်မူ​သော​ပြည်​၌ သင်​၏​ဘုရားသခင်​ထာဝရဘုရား​သည် သင်​တို့​ပတ်ပတ်လည်​ရှိ ရန်သူ​အပေါင်း​တို့​ဘေး​မှ ကင်းဝေး​စေ​တော်မူ​သောအခါ အာမလက်​လူမျိုး​တို့​နှင့်ဆိုင်သော​အမှတ်ရစရာ​အား မိုးကောင်းကင်​အောက်​မှ ပျောက်ပျက်​စေ​ရ​မည်​ကို မ​မေ့လျော့​နှင့်​။


ထာဝရဘုရား​သည် ထို​သူ​ကို ခွင့်လွှတ်​တော်မူ​မည်​မ​ဟုတ်​။ အကယ်စင်စစ် ထာဝရဘုရား​၏​အမျက်​တော်​၊ သဝန်တိုစိတ်​သည် ထို​သူ​ကို တငွေ့ငွေ့​လောင်ကျွမ်း​မည်​။ ဤ​ကျမ်း​၌​ရေးသား​ထား​သော​ကျိန်​ခြင်း​ရှိသမျှ​တို့​သည် သူ့​အပေါ်​သို့ ကျရောက်​မည်​။ ထာဝရဘုရား​သည် သူ​၏​အမည်​ကို မိုးကောင်းကင်​အောက်​မှ ပယ်ဖျက်​တော်မူ​မည်​။


သို့ဖြစ်၍ ငါ့​ကို​မတား​နှင့်​။ ငါ​သည် သူ​တို့​ကို ဖျက်ဆီး​၍ သူ​တို့​၏​အမည်​ကို ကောင်းကင်​အောက်​မှ ပယ်ဖျက်​မည်​။ သင့်​ကို​ကား သူ​တို့​ထက် အင်အားကြီး​၍ များပြား​သော​လူမျိုး​ဖြစ်​စေ​မည်​’​ဟု မိန့်​တော်မူ​၏​။


သင်​၏​ဘုရားသခင်​ထာဝရဘုရား​သည် လောင်ကျွမ်း​သော​မီး​ကဲ့သို့ သင်​၏​ရှေ့​မှ​ကူးသွား​မည်​ဖြစ်ကြောင်း ယနေ့ သင်​သိမြင်​ရ​မည်​။ ကိုယ်တော်​သည် ထို​သူ​တို့​ကို သုတ်သင်ပယ်ရှင်း​ပြီး သင့်​ရှေ့မှောက်​၌ ရှုံးနိမ့်​စေ​တော်မူ​မည်​ဖြစ်၍ သင့်​အား ထာဝရဘုရား မိန့်​တော်မူ​ခဲ့​သည့်​အတိုင်း သင်​သည် သူ​တို့​ကို နှင်ထုတ်​၍ အလျင်အမြန်​ဖျက်ဆီး​နိုင်​လိမ့်မည်​။


သင်​အသက်ရှင်​သမျှ​ကာလ​ပတ်လုံး သင့်​ရှေ့​၌ မည်သူ​မျှ​ခုခံရပ်တည်​နိုင်​မည်​မ​ဟုတ်​။ ငါ​သည် မောရှေ​နှင့်အတူ​ရှိ​သကဲ့သို့ သင်​နှင့်အတူ​ရှိ​မည်​။ သင့်​ကို​ငါ​ပစ်​ထား​မည်​မ​ဟုတ်​၊ စွန့်ပစ်​မည်​မ​ဟုတ်​။


ရှင်ဘုရင်​ငါး​ပါး​ဖြစ်​သော ဂျေရုဆလင်​ဘုရင်​၊ ဟေဗြုန်​ဘုရင်​၊ ယာမုတ်​ဘုရင်​၊ လာခိရှ​ဘုရင်​၊ ဧဂလုန်​ဘုရင်​တို့​ကို လိုဏ်ဂူ​ထဲမှ ခေါ်ထုတ်​လာ​ကြ​၏​။


ယောရှု​သည် တောင်ပေါ်ဒေသ​၊ နေဂေ့​အရပ်​၊ မြေနိမ့်ဒေသ​၊ တောင်စောင်း​တစ်လျှောက် စသည့် ထို​နယ်မြေ​တစ်ခွင်လုံး​နှင့် ရှင်ဘုရင်​အပေါင်း​တို့​ကို လုပ်ကြံ​လေ​၏​။ အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရဘုရား မိန့်မှာ​တော်မူ​သည့်​အတိုင်း သက်ရှိ​ဟူသမျှ​ကို သတ်ဖြတ်​လေ​၏​။ အသက်ရှင်​ကျန်ရစ်​သူ​တစ်ယောက်​မျှ​မ​ရှိ​။


အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရဘုရား​သည် အစ္စရေး​လူမျိုး​အတွက် စစ်တိုက်​တော်မူ​သောကြောင့် ယောရှု​သည် ရှင်ဘုရင်​တို့​နှင့်တကွ သူ​တို့​၏​တိုင်းပြည်​များ​ကို တစ်ချီတည်း​သိမ်းပိုက်​အောင်မြင်​ခဲ့​လေ​၏​။


ထာဝရဘုရား​က ယောရှု​အား “​သူ​တို့​ကို သင့်​လက်​သို့ ငါ​အပ်​ပြီ​ဖြစ်၍ သူ​တို့​ကို မ​ကြောက်​နှင့်​။ သင့်​ရှေ့​၌ ထို​သူ​တို့​တစ်ယောက်မျှ ခံရပ်​နိုင်​မည်​မ​ဟုတ်​”​ဟု မိန့်​တော်မူ​၏​။


စိရ​ပြည်​ဘက်​သို့​တက်သွား​သော ဟာလက်​တောင်​အထိ​၊ ထိုမှ ဟေရမုန်​တောင်​ခြေ လက်ဘနွန်​ချိုင့်ဝှမ်း​ရှိ ဗာလဂဒ်​အရပ်​အထိ သိမ်းယူ​ခဲ့​၏​။ ရှင်ဘုရင်​အပေါင်း​တို့​ကို​လည်း ဖမ်းဆီး​ပြီး ရိုက်နှက်​ကွပ်မျက်​လေ​၏​။


တိရဇာ​ဘုရင်​တစ်ပါး စုစုပေါင်း​ရှင်ဘုရင် သုံးဆယ့်​တစ်​ပါး​တို့ ဖြစ်​သတည်း​။


ထာဝရဘုရား​သည် သူ​တို့​၏​ဘိုးဘေး​တို့​အား ကျိန်ဆို​ခဲ့​သည့်​အတိုင်း သူ​တို့​နေလေရာရာ​၌ အေးအေးချမ်းချမ်း​နေထိုင်​ရ​သော​အခွင့်​ကို ပေး​တော်မူ​၏​။ သူ​တို့​ရှေ့​တွင် မည်သည့်​ရန်သူ​မျှ မ​ခံရပ်​နိုင်​။ ထာဝရဘုရား​သည် သူ​တို့​၏​ရန်သူ​ရှိသမျှ​ကို သူ​တို့​လက်​သို့​အပ်​တော်မူ​၏​။


သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​သည် သင်​တို့​အတွက် ဤ​လူမျိုးခြား​အပေါင်း​တို့​အား မည်သို့​ပြု​တော်မူ​ခဲ့​သည်​ကို သင်​တို့​တွေ့မြင်​ခဲ့​ကြ​ပြီ​။ သင်​တို့​အတွက် စစ်တိုက်​ပေး​တော်မူ​သော​အရှင်​ကား သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ပေတည်း​။


ကြီးမြတ်​သော​လူမျိုး​၊ အင်အားကြီး​သော​လူမျိုး​တို့​ကို ထာဝရဘုရား​သည် သင်​တို့​ရှေ့​မှ​နှင်ထုတ်​တော်မူ​သည်​ဖြစ်၍ ယနေ့​တိုင်အောင် သင်​တို့​ရှေ့​၌ မည်သူမျှ​မ​ရပ်တည်​နိုင်​။


ထာဝရဘုရား​က ယောရှု​အား “​ကြည့်ရှု​လော့​။ ဂျေရိခေါ​မြို့​နှင့်တကွ ရှင်ဘုရင်​နှင့် ရဲစွမ်းသတ္တိ​ရှိ​သော​စစ်သူရဲ​တို့​ကို သင့်​လက်​သို့ ငါ​အပ်​ပြီ​။