ငါ့ကိုကြောက်ရွံ့ထိတ်လန့်သောသဘောကို သင့်ရှေ့မှ ငါစေလွှတ်၍ သင်ရောက်မည့်အရပ်ရှိ လူမျိုးအပေါင်းတို့ကို ကစဥ့်ကလျားဖြစ်စေကာ သင်၏ရန်သူအပေါင်းတို့ကို နောက်သို့ပြန်လှည့်စေမည်။
တရားဟော 6:19 - မြန်မာ့စံမီသမ္မာကျမ်း ထာဝရဘုရားမိန့်တော်မူခဲ့သည့်အတိုင်း ရန်သူအပေါင်းတို့ကို သင်တို့ရှေ့မှ နှင်ထုတ်တော်မူမည်။ Common Language Bible ကတိတော်အတိုင်းသင်တို့၏ရန်သူတို့ကို လည်းနှင်ထုတ်နိုင်လိမ့်မည်။'' Judson Bible ထာဝရဘုရား ကတိတော်ရှိသည်အတိုင်း ရန်သူအပေါင်းတို့ကို သင့်ရှေ့မှနှင်ထုတ်သဖြင့်၊ သင်၏ဘိုးဘေးတို့အား ကျိန်ဆိုတော်မူသောပြည်မြတ်ကို ဝင်စား၍နေခြင်းငှာလည်းကောင်း၊ ထာဝရဘုရားရှေ့တော်၌ ဖြောင့်မတ်လျောက်ပတ်သော အမှုတို့ကိုပြုရမည်။ |
ငါ့ကိုကြောက်ရွံ့ထိတ်လန့်သောသဘောကို သင့်ရှေ့မှ ငါစေလွှတ်၍ သင်ရောက်မည့်အရပ်ရှိ လူမျိုးအပေါင်းတို့ကို ကစဥ့်ကလျားဖြစ်စေကာ သင်၏ရန်သူအပေါင်းတို့ကို နောက်သို့ပြန်လှည့်စေမည်။
သင်၏နယ်နိမိတ်ကို ပင်လယ်နီမှ ဖိလိတ္တိပင်လယ်တိုင်အောင်လည်းကောင်း၊ တောကန္တာရမှ ယူဖရေးတီးမြစ်တိုင်အောင်လည်းကောင်း ငါသတ်မှတ်မည်။ အကြောင်းမူကား ငါသည် ထိုပြည်၌နေထိုင်သောသူတို့ကို သင်တို့လက်သို့အပ်သဖြင့် သင်သည် သူတို့ကို သင့်ရှေ့မှ နှင်ထုတ်လိမ့်မည်။
ထာဝရဘုရား၏မျက်မှောက်တော်၌ ဖြောင့်မှန်သောအမှု၊ ကောင်းသောအမှုတို့ကို ပြုလော့။ သို့ပြုလျှင် ထာဝရဘုရားက ထိုပြည်ကိုသင်တို့ဘိုးဘေးတို့အား ပေးမည်ဟု ကျိန်ဆိုတော်မူခဲ့သည်နှင့်အညီ ထိုသာယာဝပြောသောပြည်ကို သင်တို့ဝင်ရောက်သိမ်းပိုက်၍ ကောင်းစားကြလိမ့်မည်။
နောင်ကာလ၌ သင်တို့၏သားသမီးများက ‘အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရားက သင်တို့အားမိန့်မှာထားသည့် သက်သေခံချက်၊ ပြဋ္ဌာန်းချက်၊ စီရင်ထုံးဖွဲ့ချက် တို့ကား မည်သို့နည်း’ဟု မေးမြန်းသောအခါ