သတ္တမနေ့၌ ဘုရားသခင်လုပ်ဆောင်သောအမှု ပြီးဆုံးလေ၏။ ထိုသို့ မိမိလုပ်ဆောင်သောအမှုအလုံးစုံပြီးဆုံး၍ သတ္တမနေ့၌ ငြိမ်ဝပ်စွာနေတော်မူ၏။
တရားဟော 5:14 - မြန်မာ့စံမီသမ္မာကျမ်း သတ္တမနေ့သည် သင်၏ဘုရားသခင်ထာဝရဘုရား၏ ဥပုသ်နေ့ဖြစ်၏။ ထိုနေ့၌ သင်မှစ၍ သင်၏သားသမီးများ၊ ကျွန်ယောက်ျားကျွန်မိန်းမများမှစ၍ နွား၊ မြည်းစသောတိရစ္ဆာန်များ၊ သင့်မြို့၌ရှိသောတိုင်းတစ်ပါးသားတို့သည် မည်သည့်အလုပ်ကိုမျှမလုပ်ရ။ သင်အနားယူသကဲ့သို့ သင်၏ကျွန်ယောက်ျားကျွန်မိန်းမတို့သည်လည်း အနားယူကြရမည်။ Common Language Bible သတ္တမနေ့သည်ငါဘုရားအတွက်ဆက်ကပ် ရသောအလုပ်နားရက်ဖြစ်၏။ ထိုနေ့တွင်သင် မှစ၍ သင်၏သားသမီး၊ ကျေးကျွန်၊ တိရစ္ဆာန် နှင့်သင်တို့တိုင်းပြည်တွင်နေထိုင်သောလူမျိုး ခြားများသည်အလုပ်မလုပ်ရ။ သင်တို့၏ ကျေးကျွန်သည်သင်တို့ကဲ့သို့အနားယူ ရမည်။- Garrad Bible သ တ္တ မ နေ့ သည်၊ သင့် ဘု ရား သ ခင် ငါ ထာ ဝ ရ ဘု ရား ရှေ့ ဥ ပုသ် နေ့ ဖြစ် သ ဖြင့်၊ သင် မှ စ၍၊ သား၊ သ မီး၊ ကျွန် ယောက်ျား၊ ကျွန် မိန်း မ၊ နွား၊ မြည်း မှ စ သော တိ ရ စ္ဆာန်၊ တံ ခါး အ တွင်း ဝင် နေ သူ ပါ၊ မည် သည့် အ မှု အ ရေး ကို မျှ မ လုပ် မ ဆောင် ရ သ ကဲ့ သို့ နား နေ ခွင့် ရ ကြ လိမ့် မည်။ Judson Bible သတ္တမနေ့ရက်သည် သင်၏ဘုရားသခင် ထာဝရဘုရား၏ဥပုသ်နေ့ဖြစ်၏။ ထိုနေ့၌ သင်မှစ၍သင်၏သားသမီး၊ ကျွန်ယောက်ျား မိန်းမ၊ နွားမြည်းအစရှိသော သင်၏တိရစ္ဆာန်၊ သင်၏တံခါးအတွင်း၌နေသော ဧည့်သည်အာဂန္တုသည် အလုပ်မလုပ်ရ။ သင်သည် ငြိမ်ဝပ်စွာနေသကဲ့သို့၊ သင်၏ကျွန်ယောက်ျား မိန်းမတို့သည် ငြိမ်ဝပ်စွာနေရကြမည်။ |
သတ္တမနေ့၌ ဘုရားသခင်လုပ်ဆောင်သောအမှု ပြီးဆုံးလေ၏။ ထိုသို့ မိမိလုပ်ဆောင်သောအမှုအလုံးစုံပြီးဆုံး၍ သတ္တမနေ့၌ ငြိမ်ဝပ်စွာနေတော်မူ၏။
ထိုနေ့များတွင် ယုဒပြည်၌ ဥပုသ်နေ့တွင် စပျစ်သီးနင်းနယ်သူများ၊ ကောက်နှံစည်းများကို သယ်နေသူများ၊ မြည်းများပေါ်တွင် စပျစ်ဝိုင်၊ စပျစ်သီး၊ သဖန်းသီးနှင့် အထုပ်အပိုးများကိုတင်၍ ဂျေရုဆလင်မြို့တွင်းသို့ ယူဆောင်လာသူများကို အကျွန်ုပ်တွေ့ရ၏။ ဥပုသ်နေ့၌ အစားအစာရောင်းဝယ်ဖောက်ကားနေကြသည်ကိုလည်း သူတို့အား အကျွန်ုပ်သတိပေး၏။
ဂျေရုဆလင်မြို့တွင် နေထိုင်သောတိုင်ရာမြို့သားတို့သည်လည်း ငါးနှင့်ကုန်စည်အမျိုးမျိုးကိုယူဆောင်လာ၍ ဥပုသ်နေ့တွင် ဂျေရုဆလင်မြို့ရှိ ယုဒလူတို့အား ရောင်းချကြ၏။
ထို့ကြောင့် ငါက သူတို့အား “သင်တို့သည် အဘယ်ကြောင့် မြို့ရိုးရှေ့တွင် ညအိပ်ကြသနည်း။ ထိုသို့ ထပ်၍ပြုလျှင် သင်တို့ကို ဖမ်းမည်”ဟု သတိပေး၏။ ထိုအချိန်မှစ၍ ဥပုသ်နေ့တွင် သူတို့မလာတော့ချေ။
စင်စစ် ငါတို့နှင့် ငါတို့ညီအစ်ကိုတို့သည် တစ်သွေးတစ်သားတည်းဖြစ်၏။ ငါတို့သားသမီးသည် သူတို့သားသမီး ဖြစ်၏။ သို့ရာတွင် ကိုယ့်သားသမီးများကို အတင်းအကျပ်ကျွန်ခံစေရတော့မည်။ ငါတို့သမီးအချို့ပင် ကျွန်ခံနေရပြီ။ ငါတို့လယ်မြေနှင့်စပျစ်ခြံများ အခြားသူလက်သို့ ရောက်သွားပြီဖြစ်၍ ယခုမူ ငါတို့ မည်သို့မျှမတတ်နိုင်”ဟု ဆိုကြ၏။
ခြောက်ရက်ပတ်လုံး သင်၏အလုပ်တို့ကိုလုပ်၍ သတ္တမနေ့၌ ငြိမ်ဝပ်စွာနေရမည်။ သို့ပြုလျှင် သင်၏နွား၊ မြည်းတို့သည် နားရ၍ သင့်ကျွန်မ၏သားနှင့်တိုင်းတစ်ပါးသားတို့သည်လည်း အနားယူခွင့်ရကြလိမ့်မည်။
ခြောက်ရက်ပတ်လုံး အလုပ်လုပ်ရမည်။ သတ္တမနေ့သည် ငြိမ်ဝပ်စွာနေရသောဥပုသ်နေ့၊ သန့်ရှင်းသောဓမ္မစည်းဝေးခြင်းနေ့ဖြစ်၍ မည်သည့်အလုပ်ကိုမျှ မလုပ်ရ။ သင်တို့နေထိုင်ရာအရပ်ရပ်၌ ထိုနေ့သည် ထာဝရဘုရား၏ဥပုသ်နေ့ဖြစ်၏။
တစ်ဖန် သူတို့အား“ဥပုသ်နေ့သည် လူအတွက်ဖြစ်လာ၏။ လူသည် ဥပုသ်နေ့အတွက်ဖြစ်လာသည်မဟုတ်။
ထို့နောက် သူတို့သည်ပြန်သွား၍ ဆီမွှေးနှင့်အမွှေးနံ့သာတို့ကို ပြင်ဆင်ကြ၏။ ဥပုသ်နေ့၌ကား ပညတ်တော်အတိုင်း အနားယူကြ၏။
အကြောင်းမူကား သတ္တမနေ့နှင့်ပတ်သက်၍ “သတ္တမနေ့တွင် ဘုရားသခင်သည် မိမိလုပ်ဆောင်သောအမှုရှိသမျှတို့ကိုရပ်လျက် ငြိမ်ဝပ်စွာနေတော်မူ၏”ဟု ကျမ်းတစ်နေရာ၌ဆိုထား၏။