ထိုအခါ ထာဝရဘုရားသည် အားကြီးသောလက်နှင့် လက်ရုံးတော်ကိုဆန့်လျက်၊ ကြောက်မက်ဖွယ်အမှုကြီးများပြုလျက်၊ နိမိတ်လက္ခဏာများပြလျက်၊ အံ့ဩဖွယ်အမှုများပြုလျက် အကျွန်ုပ်တို့ကို အီဂျစ်ပြည်မှ ထုတ်ဆောင်တော်မူ၏။
တရားဟော 34:12 - မြန်မာ့စံမီသမ္မာကျမ်း မောရှေသည်လည်း တန်ခိုးကြီးသောအမှုရှိသမျှ၊ ကြီးမားကြောက်ရွံ့ဖွယ်သောအမှုရှိသမျှတို့ကို အစ္စရေးလူမျိုးအပေါင်းတို့ရှေ့မှောက်၌ ပြုခဲ့၏။ Common Language Bible မောရှေသည်ဣသရေလအမျိုးသားအပေါင်း တို့ရှေ့၌လည်း အခြားမည်သည့်ပရောဖက်မျှ မပြုလုပ်နိုင်သည့် အလွန်ကြောက်မက်ဖွယ် ကောင်းသောအမှုများကိုပြုလုပ်ခဲ့လေ သတည်း။ ရှင်မောရှေရေးထားသောတရားဟောရာကျမ်းပြီး၏။ |
ထိုအခါ ထာဝရဘုရားသည် အားကြီးသောလက်နှင့် လက်ရုံးတော်ကိုဆန့်လျက်၊ ကြောက်မက်ဖွယ်အမှုကြီးများပြုလျက်၊ နိမိတ်လက္ခဏာများပြလျက်၊ အံ့ဩဖွယ်အမှုများပြုလျက် အကျွန်ုပ်တို့ကို အီဂျစ်ပြည်မှ ထုတ်ဆောင်တော်မူ၏။
ဖာရောမင်းကြီးမှစ၍ သူ၏အမှုထမ်းအပေါင်းတို့နှင့် သူ၏ပြည်သားအပေါင်းတို့ရှေ့တွင် နိမိတ်လက္ခဏာ၊ အံ့ဩဖွယ်အမှု ရှိသမျှတို့ကိုပြုရန် ထာဝရဘုရားသည် မောရှေအား အီဂျစ်ပြည်သို့ စေလွှတ်တော်မူခဲ့၏။
သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် အီဂျစ်ပြည်၌ သင်တို့မျက်မှောက်တွင် ပြုတော်မူသောအမှုအပေါင်းတို့ကဲ့သို့ မည်သည့်ဘုရားတစ်ပါးပါးက စုံစမ်းမှုပြုလျက်၊ နိမိတ်လက္ခဏာပြလျက်၊ အံ့ဖွယ်အမှုပြုလျက်၊ စစ်တိုက်လျက်၊ အားကြီးသောလက်နှင့် လက်ရုံးကိုဆန့်လျက်၊ ကြောက်မက်ဖွယ်အမှုကြီးများပြုလျက် မိမိအဖို့ လူမျိုးတစ်မျိုးကို အခြားလူမျိုးတစ်မျိုးမျိုးထဲမှ သွား၍ထုတ်ဆောင်ရန် ကြိုးပမ်းဖူးသလော။
ထာဝရဘုရား၏အစေအပါးမောရှေကွယ်လွန်ပြီးသည့်နောက် မောရှေ၏လက်ထောက်ဖြစ်သော နုန်၏သားယောရှုအား ထာဝရဘုရားက