ထို့ကြောင့် ထာဝရဘုရားသည် အစ္စရေးလူမျိုးကို ပြင်းစွာအမျက်ထွက်တော်မူသဖြင့် ယုဒအမျိုးအနွယ်မှလွဲ၍ ကျန်အမျိုးအနွယ်အားလုံးကို အထံတော်မှ ဖယ်ရှားတော်မူ၏။
တရားဟော 32:20 - မြန်မာ့စံမီသမ္မာကျမ်း ‘သူတို့ကို ငါမျက်နှာလွှဲမည်။ သူတို့၏နိဂုံးသည် မည်သို့ဖြစ်မည်ကို ငါစောင့်ကြည့်မည်။ သူတို့သည် ဖောက်ပြန်တတ်သောမျိုးဆက်၊ သစ္စာမရှိသောသားသမီးများ ဖြစ်ကြ၏။ Common Language Bible ထာဝရဘုရားက`သူတို့သည်ခေါင်းမာ၍ သစ္စာမဲ့သောသူများဖြစ်ကြ၏။ ငါသည်သူတို့ကိုမကူညီဘဲနေမည်။' ထို့နောက်သူတို့သည်အဘယ်သို့ဖြစ်မည်ကို ငါစောင့်ကြည့်မည်။ Garrad Bible ငါ သည် မျက် နှာ တော် လွှဲ၍၊ အ ကျိုး အ ပြစ် ကို မြော် ကြည့် မည်။ ထို လူ မျိုး သည်၊ ကောက် ကျစ် သော သား စဉ်၊ သ စ္စာ ဖျက် သော မြေး ဆက် ဖြစ် လျက်၊ Judson Bible ငါသည် ကိုယ်မျက်နှာကို သူတို့မှလွှဲမည်။ သူတို့သည် အဘယ်သို့ဆုံးမည်ကို ငါကြည့်မည်။ သဘောခိုင်မာသောအမျိုး၊ သစ္စာမရှိသော သားသမီးဖြစ်ကြ၏။ |
ထို့ကြောင့် ထာဝရဘုရားသည် အစ္စရေးလူမျိုးကို ပြင်းစွာအမျက်ထွက်တော်မူသဖြင့် ယုဒအမျိုးအနွယ်မှလွဲ၍ ကျန်အမျိုးအနွယ်အားလုံးကို အထံတော်မှ ဖယ်ရှားတော်မူ၏။
ထို့ကြောင့် ထာဝရဘုရားက အစ္စရေး၏သားစဉ်မြေးဆက်အားလုံးကို စွန့်ပစ်ပြီး ဒဏ်ခတ်တော်မူ၏။ သူတို့ကို တိုက်ခိုက်လုယက်သူတို့လက်သို့ အပ်ပြီး အထံတော်မှနှင်ထုတ်တော်မူ၏။
ထာဝရဘုရားက မိမိအစေအပါးပရောဖက်တို့မှတစ်ဆင့် မိန့်မှာခဲ့သည့်အတိုင်း အစ္စရေးလူမျိုးတို့ကို အထံတော်မှနှင်ထုတ်ခဲ့ရသည်အထိ ဖြစ်၏။ ထို့ကြောင့် အစ္စရေးလူမျိုးတို့သည် ကိုယ့်နေရင်းပြည်မှ အဆီးရီးယားပြည်သို့ ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရ၍ ယနေ့တိုင်အောင်ထိုပြည်တွင် နေကြရ၏။
သူတို့သည် နောက်တစ်နေ့မနက်စောစောထပြီး တေကောတောကန္တာရဘက်သို့ ချီသွားကြ၏။ ထိုသို့ သူတို့ထွက်သွားချိန်တွင် ယောရှဖတ်မင်းကြီးသည် ရပ်လျက် “ယုဒပြည်သူ ဂျေရုဆလင်မြို့သားတို့၊ နားထောင်ကြပါလော့။ သင်တို့၏ဘုရားသခင်ထာဝရဘုရားကို ယုံကြည်ကြလော့။ သို့မှ သင်တို့ခံရပ်နိုင်မည်။ ကိုယ်တော်၏ပရောဖက်တို့ကိုလည်း ယုံကြည်ကြလော့။ သို့မှ သင်တို့ အောင်နိုင်မည်”ဟု မိန့်မှာ၏။
အဘယ်ကြောင့် အကျွန်ုပ်ထံမှ မျက်နှာလွှဲတော်မူ၍ အကျွန်ုပ်ကို ရန်သူကဲ့သို့ ထင်မှတ်တော်မူပါသနည်း။
ကိုယ်တော်နှုတ်ဆိတ်နေလျှင် မည်သူအပြစ်တင်ဝံ့မည်နည်း။ ကိုယ်တော်မျက်နှာလွှဲတော်မူလျှင် လူမျိုးတစ်မျိုးဖြစ်စေ၊ လူတစ်ဦးချင်းဖြစ်စေ မည်သူမြင်နိုင်မည်နည်း။
အကြောင်းမူကား သူတို့သည် ပုန်ကန်တတ်သောလူမျိုး၊ လိမ်ညာတတ်သောသားသမီးများ၊ ထာဝရဘုရား၏ပညတ်တရားကို မနာခံလိုသော သားသမီးများ ဖြစ်ကြ၏။
ကိုယ်တော်သည် အကျွန်ုပ်တို့ထံမှ မျက်နှာတော်ကိုလွှဲ၍ ဒုစရိုက်လက်ထဲ၌ အကျွန်ုပ်တို့ကို နစ်မွန်းစေသဖြင့် ကိုယ်တော်၏နာမတော်ကိုခေါ်သောသူ၊ မိမိစိတ်ကို နှိုးဆော်၍ ကိုယ်တော်ကို ဖက်တွယ်သောသူတစ်ယောက်မျှမရှိ။
ဧဖရိမ်ပြည်၏ဦးခေါင်းသည် ရှမာရိမြို့၊ ရှမာရိမြို့၏ဦးခေါင်းသည် ရေမလိ၏သားဖြစ်၏။ သင်တို့၌ ယုံကြည်ခြင်းမရှိလျှင် သင်တို့တည်မြဲလိမ့်မည်မဟုတ်’ဟူ၍ ဆင့်ဆိုလော့”ဟု မိန့်တော်မူ၏။
ငါသည် အရှေ့လေကဲ့သို့ သူတို့ကို ရန်သူရှေ့တွင် ကွဲလွင့်စေမည်။ သူတို့ဘေးဒုက္ခရောက်သောနေ့၌ သူတို့ကို မျက်နှာမပြ၊ ကျောခိုင်းထားမည်”ဟု မိန့်တော်မူ၏။
ပရောဖက်တို့သည် မဟုတ်မမှန်ပရောဖက်ပြုကြ၏။ ယဇ်ပုရောဟိတ်တို့သည်လည်း မိမိတို့သဘောအတိုင်း အုပ်ချုပ်ကြ၏။ ထိုသို့သောအမှုအရာတို့ကို ငါ့လူမျိုးတော်သည် နှစ်သက်ကြ၏။ အဆုံး၌ သင်တို့ မည်သို့ပြုကြမည်နည်း။
အကယ်၍ သားသမီးမွေးလျှင်လည်း အားလုံးကို ငါဆုံးပါးစေမည်။ သူတို့ကို ငါစွန့်ပစ်သောအခါ သူတို့ အမင်္ဂလာဖြစ်လိမ့်မည်။
ယေရှုကလည်း“အို ယုံကြည်ခြင်းမရှိ ဖောက်ပြန်လမ်းလွဲသောမျိုးဆက်၊ ငါသည် သင်တို့နှင့်အတူ မည်မျှကြာအောင်နေရမည်နည်း။ သင်တို့ကို မည်မျှကြာအောင်သည်းခံရမည်နည်း။ သူငယ်ကို ငါ့ထံ ဤနေရာသို့ခေါ်ခဲ့ကြလော့”ဟု မိန့်တော်မူ၏။
ကိုယ်တော်ကလည်း“အို ယုံကြည်ခြင်းမရှိသောမျိုးဆက်၊ ငါသည် သင်တို့နှင့်အတူ မည်မျှကြာအောင်နေရမည်နည်း။ သင်တို့ကို မည်မျှကြာအောင်သည်းခံရမည်နည်း။ သူ့ကိုငါ့ထံသို့ခေါ်ခဲ့ကြလော့”ဟု မိန့်တော်မူ၏။
သင်တို့အား ငါဆိုသည်ကား ဘုရားသခင်သည် သူတို့အတွက် တရားသဖြင့် လျင်မြန်စွာစီရင်ပေးတော်မူလိမ့်မည်။ သို့သော် လူ့သားကြွလာသောအခါ မြေကြီးပေါ်၌ ယုံကြည်ခြင်းကို တွေ့ရပါမည်လော”ဟု မိန့်တော်မူ၏။
အကြောင်းမူကား ငါသေပြီးလျှင် သင်တို့သည် လုံးလုံးဖောက်ပြန်၍ ငါမှာကြားထားသောလမ်းမှလွှဲသွားကြမည်ကိုလည်းကောင်း၊ နောင်ကာလ၌ သင်တို့သည် သင်တို့လက်ဖြင့်လုပ်သောအရာအားဖြင့် ထာဝရဘုရား၏အမျက်တော်ကိုနှိုးဆော်၍ ကိုယ်တော်၏မျက်မှောက်တော်၌ မကောင်းသောအမှုကိုပြုကြသဖြင့် သင်တို့အပေါ် ဘေးအန္တရာယ်ကျရောက်မည်ကိုလည်းကောင်း ငါသိ၏”ဟု ပြောကြားလေ၏။
သူတို့သည် ဖောက်ပြန်ကြပြီ။ ကိုယ်တော်၏သားသမီးများမဟုတ်တော့ပါ။ အနာအဆာရှိသောသူများ ဖြစ်ကြ၏။ ကောက်ကျစ်၍မရိုးဖြောင့်သောမျိုးဆက်ဖြစ်၏။
ထာဝရဘုရားသည် သင်တို့ကို ကာဒေရှဗာနာအရပ်မှ စေလွှတ်၍ ‘သင်တို့အား ငါပေးသောပြည်ကို သွား၍သိမ်းပိုက်လော့’ဟု မိန့်တော်မူသောအခါ၌လည်း သင်တို့သည် သင်တို့၏ဘုရားသခင်ထာဝရဘုရား၏အမိန့်တော်ကိုဖီဆန်ကြ၏။ သင်တို့သည် ကိုယ်တော်ကိုမယုံ၊ ကိုယ်တော်၏စကားတော်ကိုလည်းနားမထောင်ကြ။
ငါတို့သည် ကောက်ကျစ်၍ဆိုးညစ်သောလူတို့လက်မှ ကယ်နုတ်ခြင်းခံရမည့်အကြောင်း ငါတို့အတွက် ဆုတောင်းပေးကြလော့။ အကြောင်းမူကား လူတိုင်း၌ ယုံကြည်ခြင်းရှိသည်မဟုတ်။
ယုံကြည်ခြင်းမရှိလျှင် ဘုရားသခင်၏စိတ်တော်နှင့်မတွေ့နိုင်။ အကြောင်းမူကား ဘုရားသခင်ထံချဉ်းကပ်သောသူသည် ဘုရားသခင်ရှိတော်မူကြောင်းကိုလည်းကောင်း၊ ဘုရားသခင်သည် မိမိကိုရှာသောသူတို့အား အကျိုးပေးတော်မူသောအရှင်ဖြစ်ကြောင်းကိုလည်းကောင်း ယုံကြည်ရမည်။
သင်တို့ကို ကတိပြုတော်မူခဲ့သည့်အတိုင်း သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် သင်တို့အဖို့စစ်တိုက်တော်မူသည်ဖြစ်၍ သင်တို့တွင်တစ်ယောက်သည် အယောက်တစ်ထောင်ကိုလိုက်လိမ့်မည်။