သူတို့သည် အစ္စရေးအမျိုးသားများဖြစ်ကြပြီး သားသမီးအရာဖြစ်စေ၊ ဘုန်းအသရေဖြစ်စေ၊ ပဋိညာဉ်များဖြစ်စေ၊ ပညတ်တရားပေးအပ်ခြင်းဖြစ်စေ၊ ဝတ်ပြုခြင်းဖြစ်စေ၊ ကတိတော်များဖြစ်စေ ထိုသူတို့နှင့်ဆိုင်၏။
တရားဟော 29:14 - မြန်မာ့စံမီသမ္မာကျမ်း ‘ငါသည် ဤပဋိညာဉ်၊ ဤကျိန်တွယ်ခြင်းကို သင်တို့နှင့်သာပြုသည်မဟုတ်။’ Common Language Bible ထာဝရဘုရားသည်သင်တို့နှင့်သာ ဤ ပဋိညာဉ်ဤသစ္စာကိုပြုတော်မူသည် သာမက၊- Garrad Bible သင် တို့ နှင့် သာ မ ဟုတ်။ ငါ တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ရှေ့ ယ နေ့ ပါ ဝင် ရပ် နေ သော သူ တို့ မှ တစ် ပါး၊ မ ပါ သော သူ တို့ နှင့် လည်း ထို ပ ဋိ ညာဉ် တော်၊ သ စ္စာ တော် ကို ငါ ဖွဲ့၏။ Judson Bible ထိုမှတစ်ပါး ဤပဋိညာဉ်၊ ဤသစ္စာကို သင်တို့နှင့်သာ ငါပြုသည်ထက်မက၊ |
သူတို့သည် အစ္စရေးအမျိုးသားများဖြစ်ကြပြီး သားသမီးအရာဖြစ်စေ၊ ဘုန်းအသရေဖြစ်စေ၊ ပဋိညာဉ်များဖြစ်စေ၊ ပညတ်တရားပေးအပ်ခြင်းဖြစ်စေ၊ ဝတ်ပြုခြင်းဖြစ်စေ၊ ကတိတော်များဖြစ်စေ ထိုသူတို့နှင့်ဆိုင်၏။
ဤပဋိညာဉ်ကို ထာဝရဘုရားသည် ငါတို့ဘိုးဘေးများနှင့် ဖွဲ့တော်မူသည်မဟုတ်ဘဲ ဤနေရာ၌ ယနေ့အသက်ရှင်လျက်ရှိသော ငါတို့အားလုံးနှင့် ဖွဲ့တော်မူခြင်းဖြစ်၏။