နောင်လာမည့်သင့်အသက်တာသည်လည်း မရေရာမသေချာ။ နေ့နေ့ညည ကြောက်ရွံ့လျက်နေရမည်။ ဘဝအာမခံချက် ရှိမည်မဟုတ်။
သင်တို့သည်အသက်ဘေးနှင့်အစဉ်တွေ့ ကြုံနေရမည်။ နေ့ညမပြတ်ကြောက်ရွံ့ ထိတ်လန့်၍သေဘေးနှင့်အစဉ်ရင်ဆိုင် လျက်နေရမည်။-
ကိုယ့် ရှေ့၌ ကိုယ့် အ သက် တွဲ လွဲ နေ ရာ တွင် ရှင် မည် ဟု မ ထင် ဘဲ၊ နေ့ ညဉ့် မ ဟူ ကြောက် ရွံ့ လျက် နေ ရ စဉ်၊
သင်သည် အသက်ဆုံးလုသည်ဖြစ်၍၊ နေ့ညမပြတ်စိုးရိမ်လျက် သေဘေးနှင့် လွတ်မည်မလွတ်မည်ကို မသိဘဲလျက် နေရလိမ့်မည်။
ကိုယ်တော်သည် ကောင်းကင်မှမီးကို စေလွှတ်၍ ငါ့အရိုးများကို လောင်ကျွမ်းစေတော်မူပြီ။ ငါ့ခြေရှေ့၌ ပိုက်ကွန်ကိုဖြန့်ထားပြီ။ ငါ့ကိုနောက်သို့ပြန်လှည့်စေတော်မူပြီ။ ငါ့ကို အထီးကျန်စေတော်မူ၍ ငါသည် တစ်နေ့လုံး ညှိုးငယ်လျက်နေရပါပြီ။
သင်သည် ထိုလူမျိုးတို့အလယ်တွင် သက်သာရာမရ၊ နားစရာနေရာ ခြေတစ်ဖဝါးစာမျှ မရှိ။ ထိုအရပ်၌ ထာဝရဘုရားသည် သင့်ကို စိတ်နှလုံးကြောင့်ကြခြင်း၊ မျက်စိအားလျော့ခြင်း၊ စိတ်ပျက်ဝမ်းနည်းခြင်း ဖြစ်စေတော်မူမည်။
သင့်စိတ်ထဲ၌ကြောက်ရွံ့နေရသောအရာ၊ သင်မျက်စိ၌ မြင်နေရသောအရာတို့ကြောင့် နံနက်အချိန်၌ ‘နေဝင်ချိန်ရောက်ပါစေ’ နေဝင်ချိန်၌ ‘နံနက်အချိန်ရောက်ပါစေ’ဟု သင်ဆိုလိမ့်မည်။
တရားစီရင်ခြင်းကိုလည်းကောင်း၊ ဆန့်ကျင်သောသူတို့ကိုဝါးမျိုမည့် အမျက်တော်မီးကိုလည်းကောင်း ကြောက်ရွံ့လျက် စောင့်နေကြရန်သာရှိတော့၏။