ကိုယ်တော်၏လူမျိုးတော်အစ္စရေးကို ကိုယ်တော့်အဖို့ ထာဝရပိုင်ဆိုင်ရာလူမျိုးတော်အဖြစ် တည်စေတော်မူပါပြီ။ အို ထာဝရဘုရား၊ ကိုယ်တော်သည် သူတို့၏ဘုရားသခင် ဖြစ်တော်မူပါပြီ။
တရားဟော 27:9 - မြန်မာ့စံမီသမ္မာကျမ်း တစ်ဖန် မောရှေနှင့် လေဝိအမျိုးယဇ်ပုရောဟိတ်တို့က အစ္စရေးလူမျိုးအပေါင်းတို့အား “အို အစ္စရေးလူမျိုးတို့၊ တိတ်ဆိတ်စွာနေ၍နားထောင်ကြလော့။ ယနေ့ သင်တို့သည် သင်တို့၏ဘုရားသခင်ထာဝရဘုရား၏လူမျိုးတော်ဖြစ်လာကြပြီ။ Common Language Bible ထို့နောက်မောရှေနှင့်လေဝိအနွယ်ဝင်ယဇ် ပုရောဟိတ်တို့က ဣသရေလအမျိုးသား အပေါင်းတို့အား``ဣသရေလအမျိုးသား တို့၊ ငါပြောသမျှကိုအလေးဂရုပြု၍ နားထောင်ကြလော့။ ယနေ့သင်တို့သည် သင် တို့၏ဘုရားသခင်ထာဝရဘုရား၏ လူမျိုးတော်ဖြစ်လာကြပြီ။- Garrad Bible လေ ဝိ ဂိုဏ်း သား ပ ရော ဟိတ် တို့ နှင့် တ ကွ မော ရှေ က လည်း၊ အို ဣ သ ရေ လ အ မျိုး၊ ဆိတ် ဆိတ် နာ ခံ ကြ ဦး။ ယ နေ့ သင် တို့ သည် ကိုယ့် ဘု ရား သ ခင် ထာ ဝ ရ ဘု ရား၏ လူ မျိုး တော် အ ဖြစ် ရောက် ကြ လေ ပြီ။ Judson Bible တစ်ဖန် မောရှေနှင့်ယဇ်ပုရောဟိတ်များ၊ လေဝိသားများတို့က၊ အိုဣသရေလအမျိုး၊ သတိနှင့်နားထောင်လော့။ ယနေ့သင်သည် သင်၏ဘုရားသခင် ထာဝရဘုရား၏ လူမျိုးဖြစ်လေပြီ။ |
ကိုယ်တော်၏လူမျိုးတော်အစ္စရေးကို ကိုယ်တော့်အဖို့ ထာဝရပိုင်ဆိုင်ရာလူမျိုးတော်အဖြစ် တည်စေတော်မူပါပြီ။ အို ထာဝရဘုရား၊ ကိုယ်တော်သည် သူတို့၏ဘုရားသခင် ဖြစ်တော်မူပါပြီ။
သို့သော် ယခုအခါ သင်တို့သည် အပြစ်၏လက်မှလွတ်မြောက်ခွင့်ရ၍ ဘုရားသခင်၏ကျွန်ဖြစ်လာကြပြီး သန့်ရှင်းခြင်းသို့ရောက်စေသည့်အကျိုးကျေးဇူးကို ခံစားရကြ၏။ ၎င်း၏ရလဒ်မူကား ထာဝရအသက်ဖြစ်၏။
ထို့ကြောင့် သင်တို့သည် သင်တို့၏ဘုရားသခင်ထာဝရဘုရား၏စကားတော်ကို နားထောင်၍ ယနေ့ သင်တို့အား ငါမိန့်မှာသော ကိုယ်တော်၏ပညတ်တော်များ၊ ပြဋ္ဌာန်းချက်များကို လိုက်နာရမည်”ဟု ဆိုလေ၏။
ဤတရားစကားရှိသမျှတို့ကို ထိုကျောက်တုံးများပေါ်၌ ရှင်းလင်းပြတ်သားစွာရေးသားထားရမည်”ဟု မှာကြားလေ၏။