အိမ်တော်ကိုတည်ဆောက်ရာတွင် ကျောက်တွင်းမှ ဆစ်ပြီးသားကျောက်များကိုသာ အသုံးပြု၏။ ထို့ကြောင့် အိမ်တော်တည်ဆောက်ချိန်တွင် တူ၊ ပုဆိန်စသော သံထည်ကိရိယာတို့၏ထုသံနှက်သံကိုမျှ မကြားရ။
တရားဟော 27:5 - မြန်မာ့စံမီသမ္မာကျမ်း ထိုတောင်ပေါ်၌ သင်တို့၏ဘုရားသခင်ထာဝရဘုရားအဖို့ ယဇ်ပလ္လင်တည်ရမည်။ ထိုယဇ်ပလ္လင်ကို ကျောက်တုံးဖြင့် တည်ရမည်။ ကျောက်တုံးများကို သံလက်နက်ကိရိယာဖြင့် မထုဆစ်ရ။ Common Language Bible သင်တို့၏ဘုရားသခင်ထာဝရဘုရား အတွက် ယဇ်ပလ္လင်ကိုမခုတ်မထစ်သောကျောက် ဖြင့်တည်ရမည်ဖြစ်သောကြောင့် ထိုအရပ် တွင်သံတန်ဆာပလာဖြင့်မခုတ်ထစ်သော ကျောက်ဖြင့်ယဇ်ပလ္လင်ကိုတည်ရမည်။- Garrad Bible ထို တောင်၌ သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား အား ပူ ဇော် ရန် ကျောက် ပ လ္လင် တော် ကို စို့ နှင့် မ ဆစ် ဘဲ တည် ကြ ပြီး လျှင်၊ သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ထံ မီး ရှို့ ရာ သ က္ကာ များ ကို ပူ ဇော် ခြင်း၊ Judson Bible ထိုအရပ်၌လည်း သင်၏ဘုရားသခင် ထာဝရဘုရားအဖို့၊ |
အိမ်တော်ကိုတည်ဆောက်ရာတွင် ကျောက်တွင်းမှ ဆစ်ပြီးသားကျောက်များကိုသာ အသုံးပြု၏။ ထို့ကြောင့် အိမ်တော်တည်ဆောက်ချိန်တွင် တူ၊ ပုဆိန်စသော သံထည်ကိရိယာတို့၏ထုသံနှက်သံကိုမျှ မကြားရ။
ကျောက်ကို ကျောက်ထွင်းကိရိယာဖြင့်ထုဆစ်လျှင် ထိုကျောက်ကို ညစ်ညူးစေရာရောက်သည်ဖြစ်၍ ငါ့အတွက် ကျောက်ယဇ်ပလ္လင်ကိုတည်လျှင် ထုဆစ်ထားသောကျောက်ဖြင့် မတည်ရ။
မောရှေသည် ထာဝရဘုရား၏စကားတော်အလုံးစုံတို့ကို ရေးသားထားပြီးလျှင် နံနက်စောစောထ၍ တောင်ခြေရင်း၌ ယဇ်ပလ္လင်ကိုလည်းကောင်း၊ အစ္စရေးမျိုးနွယ်တစ်ဆယ့်နှစ်နွယ်အတွက် ကျောက်တိုင်တစ်ဆယ့်နှစ်တိုင်ကိုလည်းကောင်း တည်လေ၏။
သင်တို့၏ဘုရားသခင်ထာဝရဘုရား၏ယဇ်ပလ္လင်ကို သဘာဝကျောက်တုံးများဖြင့် တည်၍ ထိုယဇ်ပလ္လင်ပေါ်၌ သင်တို့၏ဘုရားသခင်ထာဝရဘုရားအား မီးရှို့ရာယဇ်တို့ကို ပူဇော်ရမည်။