လူတို့သည် နယ်နိမိတ်စည်းများကို ရွှေ့ပစ်တတ်ကြ၏။ လုယူသောတိရစ္ဆာန်များကို ထိန်းကျောင်းတတ်ကြ၏။
တရားဟော 27:17 - မြန်မာ့စံမီသမ္မာကျမ်း ‘မိမိအိမ်နီးချင်း၏နယ်နိမိတ်မှတ်တိုင်ကိုရွှေ့သောသူသည် ကျိန်ဆဲခြင်းခံရမည်’ဟု ဆိုလျှင် လူအပေါင်းတို့က ‘အာမင်’ဟု ဆိုရမည်။ Common Language Bible `` `ဣသရေလအမျိုးသားချင်း၏မြေမှတ် တိုင်ကိုရွှေ့သောသူသည်၊ ဘုရားသခင်၏ကျိန် ခြင်းကိုခံစေသတည်း' ဟုကျိန်ဆိုသော အခါ ``လူအပေါင်းတို့က`အာမင်' ဟုဝန်ခံရကြ မည်။ Garrad Bible သူ တစ် ပါး မြေ မှတ် တိုင် ကို ရွေ့ သူ ကား၊ အ မင်္ဂ လာ ရှိ သည် ဟု ကြော် ငြာ ကြ သော်၊ အာ မင် ဟူ၍ လူ ပ ရိ သတ် ဥဿုံ ဝန် ခံ ကြ စေ။ Judson Bible အိမ်နီးချင်း၏မြေမှတ်တိုင်ကို ရွှေ့သောသူသည် အမင်္ဂလာရှိစေသတည်းဟု ကျိန်လျှင်၊ လူအပေါင်းတို့က အာမင်ဟုဝန်ခံရကြမည်။ |
လူတို့သည် နယ်နိမိတ်စည်းများကို ရွှေ့ပစ်တတ်ကြ၏။ လုယူသောတိရစ္ဆာန်များကို ထိန်းကျောင်းတတ်ကြ၏။
ယုဒအကြီးအကဲတို့သည် နယ်နိမိတ်မှတ်တိုင်ကိုရွှေ့ပစ်သူများနှင့်တူ၏။ ထို့ကြောင့် ရေကိုသွန်ချသကဲ့သို့ သူတို့အပေါ်ငါ့အမျက်ကို သွန်ချမည်။
သင်၏ဘုရားသခင်ထာဝရဘုရား သင့်အား အပိုင်ပေးတော်မူသောပြည်ရှိ သင်အမွေဆက်ခံရာအမွေမြေ၌ ရှေးလူကြီးတို့သတ်မှတ်ထားသောအိမ်နီးချင်း၏နယ်နိမိတ်မှတ်တိုင်ကို မရွှေ့ရ။