မျက်မမြင်တို့၊ မည်သည့်အရာသည် ပို၍ကြီးမြတ်သနည်း။ ပူဇော်သက္ကာလော၊ သို့မဟုတ် ပူဇော်သက္ကာကိုသန့်ရှင်းစေသည့် ယဇ်ပလ္လင်လော။
တရားဟော 26:4 - မြန်မာ့စံမီသမ္မာကျမ်း ယဇ်ပုရောဟိတ်သည်လည်း သင့်လက်ထဲမှတောင်းကိုယူ၍ သင်၏ဘုရားသခင်ထာဝရဘုရား၏ယဇ်ပလ္လင်ရှေ့၌ ချထားရမည်။ Common Language Bible ``ထိုအခါယဇ်ပုရောဟိတ်သည် သင့်ထံမှ တောင်းကိုယူ၍ သင်၏ဘုရားသခင်ထာဝရ ဘုရား၏ယဇ်ပလ္လင်ရှေ့မှာချထားရမည်။- Garrad Bible ပ ရော ဟိတ် လည်း၊ ထို တောင်း ကို လက် ခံ လျက် သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား၏ ပူ ဇော် ရာ ပ လ္လင် တော့် မျက် နှာ စာ တွင် ချ ထား ပြီး နောက်၊ Judson Bible ယဇ်ပုရောဟိတ်သည်လည်း ခြင်းတောင်းကို သင့်လက်မှယူ၍ သင်၏ဘုရားသခင် ထာဝရဘုရား၏ ယဇ်ပလ္လင်ရှေ့မှာ ချထားရမည်။ |
မျက်မမြင်တို့၊ မည်သည့်အရာသည် ပို၍ကြီးမြတ်သနည်း။ ပူဇော်သက္ကာလော၊ သို့မဟုတ် ပူဇော်သက္ကာကိုသန့်ရှင်းစေသည့် ယဇ်ပလ္လင်လော။
သင်သည် ထိုအချိန်တွင် တာဝန်ကျသောယဇ်ပုရောဟိတ်ထံသို့သွား၍ ‘ထာဝရဘုရားက ထိုပြည်ကိုအကျွန်ုပ်တို့အား ပေးမည်ဟု အကျွန်ုပ်တို့၏ဘိုးဘေးတို့အား ကျိန်ဆိုတော်မူခဲ့သည်နှင့်အညီ ထိုပြည်သို့ အကျွန်ုပ်ရောက်ရှိပြီဖြစ်ကြောင်း ဘုရားသခင်ထာဝရဘုရားအား ယနေ့အကျွန်ုပ်ကြားလျှောက်ပါ၏’ဟု ဆိုရမည်။
ထိုအခါ သင်သည် သင်၏ဘုရားသခင်ထာဝရဘုရား၏ရှေ့တော်၌ ‘အကျွန်ုပ်၏ဘိုးဘေးသည် လှည့်လည်သွားလာနေသူ အာရံလူမျိုးဖြစ်ပါ၏။ သူသည် အီဂျစ်ပြည်သို့ လူအနည်းငယ်နှင့် ဆင်းသွား၍ ထိုပြည်၌တည်းခိုနေထိုင်ပါ၏။ သို့သော် ထိုပြည်၌ပင် အင်အားကြီး၍များပြားသောလူမျိုးကြီးဖြစ်လာပါ၏။