ထို့နောက် ယုဒက ဩနန်အား “သင့်အစ်ကို၏မယားထံသို့ဝင်လော့။ မတ်တစ်ယောက်၏တာဝန်ကိုဖြည့်ဆည်း၍ သင့်အစ်ကို၏မျိုးဆက်ကိုဖြစ်ထွန်းစေလော့”ဟု ဆိုလေ၏။
တရားဟော 25:6 - မြန်မာ့စံမီသမ္မာကျမ်း သေဆုံးသွားသောအစ်ကို၏အမည်သည် အစ္စရေးလူမျိုးထဲမှ ပျောက်ပျက်မသွားမည့်အကြောင်း ထိုမိန်းမမွေးဖွားသောသားဦးသည် အစ်ကို၏အမည်ကိုဆက်ခံရမည်။ Common Language Bible ဣသရေလလူမျိုးတွင်သေဆုံးသူ၏မိသားစု မျိုးဆက်မပျောက်စေရန် ထိုမိန်းမ၌ဖွားမြင် သောသားဦးသည်သေသူ၏တရားဝင်သား ဖြစ်စေရမည်။- Garrad Bible ဣ သ ရေ လ လူ မျိုး မှ အစ် ကို့ အ မည် မ ကျေ ပျောက် စေ ခြင်း ငှါ၊ ဖွား မြင် သော သား ဦး သည်၊ သေ လွန် သူ၏ အ မည် ရိုက် ရာ ကို ဆက် ခံ စေ။ Judson Bible ဣသရေလအမျိုး၌ အစ်ကိုအမည်ကို မပျောက်စေခြင်းငှာ၊ အဦးဖွားသောသားသည် သေသောဘကြီး၏ အရိုက်အရာကို ခံရမည်။ |
ထို့နောက် ယုဒက ဩနန်အား “သင့်အစ်ကို၏မယားထံသို့ဝင်လော့။ မတ်တစ်ယောက်၏တာဝန်ကိုဖြည့်ဆည်း၍ သင့်အစ်ကို၏မျိုးဆက်ကိုဖြစ်ထွန်းစေလော့”ဟု ဆိုလေ၏။
သို့သော် ဩနန်က ဤမျိုးဆက်သည် မိမိ၏မျိုးဆက်ဖြစ်မည်မဟုတ်ကြောင်း သိ၏။ ထို့ကြောင့် သူသည် မိမိအစ်ကို၏မယားထံသို့ဝင်သောအခါ မိမိအစ်ကိုအတွက် မျိုးဆက်မဖြစ်ထွန်းစေရန် သုက်ရည်ကို အပြင်သို့စွန့်ထုတ်၏။
သူ၏နောင်လာနောက်သားသည် မျိုးပြတ်သွားပါစေ။ ထိုနောင်လာနောက်သားတို့၏နာမည်သည် နောက်မျိုးဆက်၌ပင်လျှင် ပယ်ဖျက်ခြင်းခံကြရပါစေ။
ကိုယ်တော်သည် တိုင်းနိုင်ငံတို့ကို ဆုံးမ၍ ဆိုးယုတ်သောသူတို့ကိုဖျက်ဆီးကာ သူတို့၏အမည်များကို ကာလအစဉ်အဆက် ပယ်ဖျက်တော်မူပြီ။
သူ၏မိဘသည် သူ့ကို မြို့တံခါး၌ရှိသော သက်ကြီးဝါကြီးများထံသို့ ဖမ်းချုပ်ခေါ်ဆောင်လာရမည်။
ထာဝရဘုရားသည် ထိုသူကို ခွင့်လွှတ်တော်မူမည်မဟုတ်။ အကယ်စင်စစ် ထာဝရဘုရား၏အမျက်တော်၊ သဝန်တိုစိတ်သည် ထိုသူကို တငွေ့ငွေ့လောင်ကျွမ်းမည်။ ဤကျမ်း၌ရေးသားထားသောကျိန်ခြင်းရှိသမျှတို့သည် သူ့အပေါ်သို့ ကျရောက်မည်။ ထာဝရဘုရားသည် သူ၏အမည်ကို မိုးကောင်းကင်အောက်မှ ပယ်ဖျက်တော်မူမည်။
သို့ဖြစ်၍ ငါ့ကိုမတားနှင့်။ ငါသည် သူတို့ကို ဖျက်ဆီး၍ သူတို့၏အမည်ကို ကောင်းကင်အောက်မှ ပယ်ဖျက်မည်။ သင့်ကိုကား သူတို့ထက် အင်အားကြီး၍ များပြားသောလူမျိုးဖြစ်စေမည်’ဟု မိန့်တော်မူ၏။