ဖြောင့်မတ်သောသူသည် မိမိတိရစ္ဆာန်၏အသက်ကို ဂရုစိုက်တတ်၏။ ဆိုးယုတ်သောသူတို့၏သနားစုံမက်ခြင်းမူကား ရက်စက်မှုဖြစ်၏။
တရားဟော 25:4 - မြန်မာ့စံမီသမ္မာကျမ်း တလင်းနယ်နေသည့် နွားကို ပါးချုပ်မတပ်ရ။ Common Language Bible ``စပါးနယ်နေသောနွားကိုပါးချုပ်တပ်၍ မထားရ။ Garrad Bible စ ပါး နင်း နယ် သော နွား ကို၊ ပါး ချုပ် တပ်၍ မ ထား ရ။ Judson Bible စပါးနင်းနယ်သော နွား၏နှုတ်ကို မချုပ်တည်းရ။ |
ဖြောင့်မတ်သောသူသည် မိမိတိရစ္ဆာန်၏အသက်ကို ဂရုစိုက်တတ်၏။ ဆိုးယုတ်သောသူတို့၏သနားစုံမက်ခြင်းမူကား ရက်စက်မှုဖြစ်၏။
အကယ်စင်စစ် စမုန်နက်ကို ကောက်တလင်းနယ်သည့်ပျဉ်ပြားဖြင့် နယ်လေ့မရှိ။ ဇီရာကိုလည်း လှည်းဘီးဖြင့် လှိမ့်လေ့မရှိ။ စမုန်နက်ကို တုတ်ဖြင့်၊ ဇီရာကို ကြိမ်လုံးဖြင့် ရိုက်နယ်ရ၏။
ဧဖရိမ်အမျိုးသည် တလင်းနယ်ရာတွင် ကျင့်သားရသောနွားမတမ်းဖြစ်၏။ တလင်းနယ်ရသည်ကိုလည်းနှစ်သက်သဖြင့် ငါသည် ချောမွတ်သောသူ့လည်ပင်းပေါ်တွင် ထမ်းပိုးတင်မည်။ ငါသည် ဧဖရိမ်အမျိုးကို ထမ်းပိုးထမ်းစေမည်။ ယုဒအမျိုးကို လယ်ထွန်စေမည်။ ယာကုပ်အမျိုးကို ထယ်ထိုးစေမည်။”