နောက်ယောက်ျားသည်လည်း ထိုမိန်းမကိုမုန်းသဖြင့် ကွာရှင်းစာရေးပြီး သူ့လက်ထဲ၌အပ်၍ အိမ်မှထွက်သွားစေသည်ဖြစ်စေ၊ ထိုမိန်းမနှင့်စုံဖက်သောနောက်ယောက်ျားသေဆုံးသွားသည်ဖြစ်စေ
ဒုတိယလင်ယောကျာ်းကလည်း ထိုမိန်းမကို ဆက်လက်၍မပေါင်းသင်းလိုသဖြင့် ဖြတ်စာ ကိုပေး၍အိမ်မှဆင်းသွားစေသောအခါ ၌သော်လည်းကောင်း၊ သူကိုယ်တိုင်သေဆုံး သွားသော်လည်းကောင်း၊-
နောက် လင်၊ မေ တ္တာ ကုန် သ ဖြင့် ဖြတ် စာ ရေး ပေး လျက် အိမ် မှ ထုတ် သော်လည်း ကောင်း၊ သေ သော်လည်း ကောင်း။
နောက်နေသောလင်သည်လည်း သူ့ကိုမုန်းလျှင်၊ ဖြတ်စာကိုရေး၍ သူ၌အပ်သဖြင့် လွှတ်လိုက်သည် ဖြစ်စေ၊ ထိုလင်သေသည်ဖြစ်စေ၊
ထာဝရဘုရားက “သင်တို့မိခင်ကို ငါအဝေးသို့နှင်ထုတ်လိုက်သောအခါ မည်သည့်ကွာရှင်းစာ ငါပေးသနည်း။ မည်သည့်အကြွေးရှင်ထံ သင်တို့ကို ငါရောင်းစားခဲ့သနည်း။ သင်တို့၏အပြစ်ကြောင့်သာ သင်တို့ရောင်းစားခံရ၏။ သင်တို့ကျူးလွန်သောအပြစ်ကြောင့်သာ သင်တို့မိခင်သည် အဝေးသို့နှင်ထုတ်ခံရ၏။
သစ္စာမဲ့သောအစ္စရေးလူမျိုးသည် အိမ်ထောင်ရေးဖောက်ပြန်သည်ကို ငါမြင်သောကြောင့် သူ့ကို ကွာရှင်းစာပေးပြီး နှင်ထုတ်ခဲ့သည်ကိုပင် သူ၏ညီမဖြစ်သော သစ္စာဖောက်ယုဒအမျိုးသည် မကြောက်ဘဲ ပြည့်တန်ဆာသွားလုပ်၏။
‘မိမိမယားကိုကွာရှင်းသောသူသည် ထိုမယားအား ဖြတ်စာကိုပေးစေ’ ဟုလည်း ပြောထား၏။
သူတို့က “ဖြတ်စာကိုရေး၍ ကွာရှင်းရန် မောရှေက ခွင့်ပြုထားပါသည်”ဟု ပြန်လျှောက်ကြ၏။
တစ်စုံတစ်ယောက်သည် မိန်းမတစ်ယောက်နှင့်စုံဖက်ပြီးနောက် ထိုမိန်းမ၌ညစ်ညူးသောအရာကိုတွေ့သဖြင့် သူ့ကိုမနှစ်မြို့လျှင် ကွာရှင်းစာရေးပြီး သူ့လက်ထဲအပ်၍ အိမ်မှထွက်သွားစေရမည်။
ထိုမိန်းမသည် လင်ယောက်ျား၏အိမ်မှထွက်သွားပြီးနောက် အခြားယောက်ျားတစ်ယောက်ကိုယူ၍
ထိုမိန်းမကိုကွာရှင်းခဲ့သောပထမလင်ယောက်ျားသည် ညစ်ညူးပြီဖြစ်သောထိုမိန်းမနှင့် ပြန်၍စုံဖက်ခွင့်မရှိ။ အကြောင်းမူကား ထိုအမှုသည် ထာဝရဘုရားရှေ့တော်၌ စက်ဆုပ်ရွံရှာဖွယ်အမှုဖြစ်၏။ သင်၏ဘုရားသခင်ထာဝရဘုရား သင့်အား အမွေအဖြစ်ပေးတော်မူသောပြည်အပေါ် အပြစ်မသက်ရောက်စေနှင့်။