ယောရှဖတ်မင်းကြီးသည် ဂျေရုဆလင်မြို့တွင် စံမြန်းတော်မူစဉ် ဗေရရှေဘမြို့မှစ၍ ဧဖရိမ်တောင်ပေါ်ဒေသတိုင်အောင် လှည့်လည်ကာ လူတို့အား ဘိုးဘေးတို့၏ဘုရားသခင်ထာဝရဘုရားထံ ပြန်လှည့်လာစေ၏။
တရားဟော 23:9 - မြန်မာ့စံမီသမ္မာကျမ်း သင်သည် ရန်သူတို့ကိုတိုက်ခိုက်ရန် စစ်ချီ၍ စခန်းချသောအခါ မကောင်းမှုရှိသမျှကိုရှောင်ရမည်။ Common Language Bible ``သင်တို့သည်ရန်သူကိုစစ်ချီတိုက်ခိုက်နေ စဉ် တပ်စခန်း၌ဘာသာရေးထုံးနည်းအရ မသန့်ရှင်းမှုဟူသမျှကိုရှောင်ကြဉ်ရမည်။- Garrad Bible သင် တို့ သည် ရန် သူ တို့ တစ် ဘက် ချီ ထွက် စွဲ ရပ် ကြ သည့် ကာ လ၊ ညစ် ညူး ရာ အ မျိုး မျိုး ကို ကြဉ် ရှောင် ကြ လော့။ Judson Bible ရန်သူတို့ကို စစ်တိုက်သွားသောအခါ၊ မတရားသောအမှုရှိသမျှကို ရှောင်လော့။ |
ယောရှဖတ်မင်းကြီးသည် ဂျေရုဆလင်မြို့တွင် စံမြန်းတော်မူစဉ် ဗေရရှေဘမြို့မှစ၍ ဧဖရိမ်တောင်ပေါ်ဒေသတိုင်အောင် လှည့်လည်ကာ လူတို့အား ဘိုးဘေးတို့၏ဘုရားသခင်ထာဝရဘုရားထံ ပြန်လှည့်လာစေ၏။
ဟေဇကိမင်းကြီးသည် ယုဒပြည်တစ်လျှောက်လုံးတွင် ထိုသို့ပြုပေး၏။ ဘုရားသခင်ထာဝရဘုရားရှေ့တော်တွင် ကောင်းမြတ်၍ ဖြောင့်မတ်မှန်ကန်သောအမှုကို ပြု၏။
ထာဝရဘုရား၌ မှီဝဲဆည်းကပ်သောတိုင်းတစ်ပါးသားက “ထာဝရဘုရားသည် ငါ့ကို မိမိလူမျိုးတော်နှင့် သီးခြားခွဲထားတော်မူလိမ့်မည်”ဟု မဆိုစေနှင့်။ မိန်းမစိုးကလည်း “ငါသည်ခြောက်သွေ့သောသစ်ပင်ဖြစ်၏”ဟု မဆိုစေနှင့်။
စစ်မှုထမ်းများသည်လည်း “အကျွန်ုပ်တို့သည် မည်သို့ပြုရမည်နည်း”ဟု မေးကြလျှင် ယောဟန်က “သူတစ်ပါးထံမှ ငွေညှစ်ယူခြင်း၊ မတရားတောင်းခံခြင်း မပြုကြနှင့်။ မိမိတို့ရသောလခနှင့် ရောင့်ရဲကြလော့”ဟု ပြန်ပြောလေ၏။
ယောက်ျားတစ်ဦးသည် ညအချိန်၌ဖြစ်ပျက်တတ်သောအရာကြောင့် မစင်မကြယ်ဖြစ်လျှင် ထိုသူသည် တပ်စခန်းအပြင်ဘက်သို့ ထွက်သွားရမည်။ တပ်စခန်းထဲသို့ မဝင်ရ။
သူတို့မွေးဖွားသောသားသမီးများဖြစ်သည့် သူတို့၏တတိယမျိုးဆက်သည် ထာဝရဘုရား၏လူအစုအဝေးထဲသို့ ဝင်ခွင့်ရှိ၏။
ကျိန်ခြင်းခံရသောအရာတို့ကို သတိထားရှောင်ရမည်။ ထိုကျိန်ခြင်းခံရသောအရာတို့ကို သင်တို့ယူမိလျှင် သင်တို့ကိုယ်သင်တို့ အကျိန်ခံစေရာရောက်လိမ့်မည်။ အစ္စရေးတပ်စခန်းကိုလည်း အကျိန်ခံစေရာရောက်လိမ့်မည်။ ဒုက္ခပေးရာရောက်လိမ့်မည်။
အစ္စရေးအမျိုးသား လူအပေါင်းတို့သည်လည်း ဗေသလမြို့သို့ တက်သွားပြီး ထာဝရဘုရားရှေ့တော်တွင် ထိုင်၍ငိုကြွေးကြ၏။ ထိုနေ့ နေဝင်သည်အထိ အစာရှောင်လျက် ထာဝရဘုရားအား မီးရှို့ရာယဇ်၊ မိတ်သဟာယယဇ်များကို ပူဇော်ကြ၏။