တစ်နေ့သောဥပုသ်နေ့၌ ကိုယ်တော်သည် ဂျုံခင်းများကိုဖြတ်လျက်ကြွတော်မူရာ တပည့်တော်တို့သည် လမ်းသွားရင်း ဂျုံနှံများကိုဆွတ်ခူးကြ၏။
တရားဟော 23:25 - မြန်မာ့စံမီသမ္မာကျမ်း သင်သည် မိမိအိမ်နီးချင်း၏ကောက်ပဲသီးနှံခင်းထဲသို့ဝင်သောအခါ အနှံများကို သင့်လက်ဖြင့်ဆွတ်ခူးခွင့်ရှိ၏။ သို့သော် သင့်အိမ်နီးချင်း၏ကောက်ပဲသီးနှံကို တံစဉ်ဖြင့်မရိတ်ရ။ Common Language Bible သင်တို့သည်အမျိုးသားချင်းတစ်ဦး၏လယ် ကန်သင်းအတိုင်းဖြတ်သန်းသွားအခါ လက် နှင့်ဆွတ်၍ရသမျှသောစပါးနှံများကိုစား နိုင်သည်။ သို့ရာတွင်စပါးနှံများကိုတံစဉ် ဖြင့်မရိတ်ရ။ Garrad Bible သူ တစ် ပါး၏ လယ် တွင်း သို့ ဝင် မိ လျှင်၊ စ ပါး နှံ ကို ဆွတ် ခူး ခွင့် ရှိ သော် လည်း၊ တံ စဉ် ကြော့ ၍ မ ရိတ် ကြ ရ။ Judson Bible အိမ်နီးချင်း၏ စပါးလယ်ထဲသို့ ဝင်သောအခါ၊ စပါးနှံကိုလက်နှင့် ဆွတ်ရသော်လည်း တံစဉ်နှင့်မရိတ်ရ။ |
တစ်နေ့သောဥပုသ်နေ့၌ ကိုယ်တော်သည် ဂျုံခင်းများကိုဖြတ်လျက်ကြွတော်မူရာ တပည့်တော်တို့သည် လမ်းသွားရင်း ဂျုံနှံများကိုဆွတ်ခူးကြ၏။
သင်သည် မိမိအိမ်နီးချင်း၏စပျစ်ခြံထဲသို့ဝင်သောအခါ စပျစ်သီးကို သင်စားလိုသမျှ အဝစားခွင့်ရှိ၏။ သို့သော် သင့်အိတ်ထဲ ထည့်ယူမသွားရ။