လူသည် မိမိဖခင်၏မယားကို မယူရ။ မိမိဖခင်၏အိပ်ရာကိုမရှုတ်ချရ။
``မည်သူမျှမိမိဖခင်၏မယားတစ်ဦးဦး နှင့်ဖောက်ပြန်၍ဖခင်အားအရှက်မခွဲ စေရ။
မည် သူ မ ဆို၊ အ ဘ နှောင်း မ ယား ကို မ သိမ်း ပိုက်၊ မ ဆက် ဆံ ရ။
လူသည် မိမိအဘနှင့်သာဆိုင်သော အဘ၏မယားကို မသိမ်းရ။
သင့်အနားမှဖြတ်သွား၍ကြည့်သော် သင်သည် အိမ်ထောင်ပြုရမည့်အရွယ်သို့ ရောက်လေပြီ။ ထို့ကြောင့် အဝတ်မပါအချည်းစည်းဖြစ်နေသောသင့်ကို ငါ့ဝတ်လုံစွန်းဖြင့် ဖုံးအုပ်ပေး၏။ သင်နှင့်သစ္စာဆို၍ ပဋိညာဉ်ဖွဲ့၏။ ထို့ကြောင့် သင့်ကို ငါပိုင်ဆိုင်လေပြီ’ဟု ဘုရားရှင်ထာဝရဘုရားမိန့်တော်မူ၏။
သင့်ဖခင်၏မယားနှင့်ဆက်ဆံခြင်းကိုမပြုရ။ ထိုအမှုသည် သင်၏ဖခင်ကိုရှုတ်ချခြင်းဖြစ်၏။
တစ်စုံတစ်ယောက်သည် မိမိဖခင်၏မယားနှင့်အိပ်လျှင် သူသည် မိမိဖခင်ကိုရှုတ်ချသည်ဖြစ်၍ သူတို့နှစ်ဦးစလုံး မုချအသတ်ခံရမည်။ သူတို့၏သွေးသည် သူတို့အပေါ်၌ ကျရောက်မည်။
သင်တို့ထဲ၌ မိမိဖခင်၏မယားနှင့် ပေါင်းသင်းနေထိုင်သည့် တရားနှင့်မညီမေထုန်ပြုခြင်းမျိုးရှိနေကြောင်း သတင်းပျံ့နှံ့လျက်ရှိ၏။ ထိုကဲ့သို့သော တရားနှင့်မညီမေထုန်ပြုခြင်းမျိုးသည် လူမျိုးခြားများထဲ၌ပင်မရှိ။
အပြင်လူတို့ကိုမူကား ဘုရားသခင်စီရင်တော်မူလိမ့်မည်။ ထိုဆိုးညစ်သောသူကို သင်တို့အထဲမှ ဖယ်ရှားကြလော့။
ထိုမိန်းကလေးနှင့်အိပ်သောယောက်ျားသည် ထိုမိန်းကလေးကို ကာမကျူးလွန်သောကြောင့် မိန်းကလေး၏ဖခင်အား ငွေရှယ်ကယ်ငါးဆယ်ပေးရမည်။ ထိုမိန်းကလေးသည် သူ၏မယားဖြစ်ရမည်။ သူသည် ထိုမိန်းကလေးကို တစ်သက်လုံး မကွာရှင်းရ။
‘မိမိဖခင်၏မယားနှင့်အိပ်ခြင်းဖြင့် မိမိဖခင်၏အိပ်ရာကိုရှုတ်ချသောသူသည် ကျိန်ဆဲခြင်းခံရမည်’ဟု ဆိုလျှင် လူအပေါင်းတို့က ‘အာမင်’ဟု ဆိုရမည်။
ထို့ကြောင့် ဗောဇက “သင် မည်သူနည်း”ဟု မေးရာ ရုသက “အကျွန်ုပ်သည် သခင့်ကျွန်မ ရုသ ဖြစ်ပါ၏။ သခင်သည် အကျွန်ုပ်ကို ရွေးနုတ်ခွင့်ရှိသူဖြစ်သောကြောင့် သခင်၏ဝတ်လုံစွန်းဖြင့် သခင့်ကျွန်မကို လွှမ်းခြုံပေးပါတော့”ဟု ဆို၏။