အချင်းချင်းရန်ဖြစ်၍ ကိုယ်ဝန်ဆောင်မိန်းမကိုရိုက်မိသဖြင့် ကိုယ်ဝန်ပျက်ကျသော်လည်း အန္တရာယ်မဖြစ်လျှင် သူ၏ယောက်ျားတောင်းဆိုသည့်အတိုင်း မုချဒဏ်ဆောင်ရမည်။ တရားစီရင်ချက်များအတိုင်း ပေးရမည်။
တရားဟော 22:19 - မြန်မာ့စံမီသမ္မာကျမ်း သူသည် အစ္စရေးအပျိုကညာကို နာမည်ပျက်စေပြီဖြစ်သောကြောင့် သူ့ကို ငွေရှယ်ကယ်တစ်ရာဒဏ်တပ်၍ ထိုငွေကို မိန်းကလေး၏ဖခင်အား ပေးရမည်။ ထိုမိန်းကလေးသည် သူ၏မယားဖြစ်ရမည်။ သူသည် ထိုမိန်းကလေးကို တစ်သက်လုံး မကွာရှင်းရ။ Common Language Bible ထိုသူသည်ဣသရေလအမျိုးသမီးတစ် ဦးအားအသရေဖျက်သဖြင့် ငွေသားတစ် ရာကိုဒဏ်ဆောင်စေရမည်။ ထိုဒဏ်ငွေကို မိန်းမ၏ဖခင်အားပေးရမည်။ ထို့အပြင်သူ သည်မိန်းမကိုသူ၏မယားအဖြစ်ဆက် လက်ပေါင်းသင်းစေရမည်။ သူအသက်ရှင် နေသမျှကာလပတ်လုံး ထိုမိန်းမကို မကွာရှင်းစေရ။ Judson Bible ငွေတစ်ပိဿာကို လျော်စေ၍၊ မိန်းမ၏အဘအား ပေးရမည်။ အကြောင်းမူကား၊ ဣသရေလအမျိုးကညာ၏အသရေကို ထိုသူဖျက်လေပြီ။ ထိုမိန်းမသည် သူ၏မယားဖြစ်ရမည်။ တစ်သက်လုံး ထိုမိန်းမနှင့်မကွာရ။ |
အချင်းချင်းရန်ဖြစ်၍ ကိုယ်ဝန်ဆောင်မိန်းမကိုရိုက်မိသဖြင့် ကိုယ်ဝန်ပျက်ကျသော်လည်း အန္တရာယ်မဖြစ်လျှင် သူ၏ယောက်ျားတောင်းဆိုသည့်အတိုင်း မုချဒဏ်ဆောင်ရမည်။ တရားစီရင်ချက်များအတိုင်း ပေးရမည်။
သို့သော် သူ၏စွပ်စွဲချက်သည် မှန်ကန်၍ ထိုမိန်းကလေး၌ အပျိုစင်ဖြစ်သည့်သက်သေကိုမတွေ့လျှင်
ထိုမိန်းကလေးနှင့်အိပ်သောယောက်ျားသည် ထိုမိန်းကလေးကို ကာမကျူးလွန်သောကြောင့် မိန်းကလေး၏ဖခင်အား ငွေရှယ်ကယ်ငါးဆယ်ပေးရမည်။ ထိုမိန်းကလေးသည် သူ၏မယားဖြစ်ရမည်။ သူသည် ထိုမိန်းကလေးကို တစ်သက်လုံး မကွာရှင်းရ။