ယုံကြည်၍ ဗတ္တိဇံခံသောသူသည် ကယ်တင်ခြင်းခံရလိမ့်မည်။ မယုံကြည်သောသူမူကား ပြစ်ဒဏ်စီရင်ခြင်းကိုခံရလိမ့်မည်။
တရားဟော 18:19 - မြန်မာ့စံမီသမ္မာကျမ်း ငါ၏နာမဖြင့် ထိုပရောဖက် ဆင့်ဆိုသော ငါ့စကားများကို နားမထောင်သောသူအား ငါစစ်ကြောစီရင်မည်။ Common Language Bible သူသည်ငါ၏အခွင့်အာဏာနှင့်ဆင့်ဆိုလိမ့် မည်။ ထို့ကြောင့်သူ၏စကားကိုနားမထောင် သောသူအားငါဒဏ်ခတ်မည်။- Garrad Bible အ ကြင် သူ သည်၊ ငါ့ ကိုယ် စား အဖြစ် ဆင့် ဆို သော ဗျာ ဒိတ် တော် ချက် ကို မ နာ ယူ အံ့။ ထို သူ့ ကို ငါ ပြစ် ဒဏ် ပေး မည်။ Judson Bible ထိုပရောဖက်သည် ငါ့အခွင့်နှင့် ဟောပြောသော ငါ့စကားတို့ကို အကြင်သူသည် နားမထောင်ဘဲနေအံ့၊ ထိုသူကို ငါစစ်ကြောမည်။ |
ယုံကြည်၍ ဗတ္တိဇံခံသောသူသည် ကယ်တင်ခြင်းခံရလိမ့်မည်။ မယုံကြည်သောသူမူကား ပြစ်ဒဏ်စီရင်ခြင်းကိုခံရလိမ့်မည်။
အကြောင်းမူကား ငါတို့သည် သမ္မာတရားနှင့်ဆိုင်သည့် စစ်မှန်သောအသိပညာကိုရရှိပြီးမှ တမင်တကာ ဆက်၍အပြစ်ပြုကြလျှင် အပြစ်ဖြေရာယဇ်ဟူ၍ မရှိတော့ဘဲ
ဤမျှလောက်ကြီးမြတ်သောကယ်တင်ခြင်းကို လျစ်လျူရှုပါက ငါတို့သည် အပြစ်ဒဏ်မှ မည်သို့လွတ်နိုင်ကြမည်နည်း။ သခင်ဘုရားက ပထမဦးစွာ ဟောပြောတော်မူသော ဤကယ်တင်ခြင်းတရားသည် ကြားနာသောသူတို့မှတစ်ဆင့် ငါတို့ထံ၌ အတည်ပြုခြင်းခံရ၏။
ထို့ကြောင့် သန့်ရှင်းသောဝိညာဉ်တော်က “ယနေ့ သင်တို့သည် ကိုယ်တော်၏အသံကိုကြားလျှင်
ထာဝရဘုရား၏နောက်တော်သို့ မလိုက်ဘဲလမ်းလွဲ၍ ယဇ်ပလ္လင်ကိုတည်လျှင်၊ ထိုယဇ်ပလ္လင်ပေါ်၌ မီးရှို့ရာယဇ်နှင့်ဘောဇဉ်ပူဇော်သက္ကာကို ပူဇော်လျှင်၊ ထိုယဇ်ပလ္လင်ပေါ်၌ မိတ်သဟာယယဇ်များကို ပူဇော်လျှင် ထာဝရဘုရားကိုယ်တော်တိုင် စစ်ကြောစီရင်တော်မူပါ။