ထို့ကြောင့် တစ်ချိန်က သင်တို့သည် ဇာတိအားဖြင့် လူမျိုးခြားများဖြစ်ကြပြီး ကိုယ်ကာယ၌ လက်ဖြင့်အရေဖျားလှီးထားသောသူတို့က သင်တို့ကို အရေဖျားမလှီးသောသူဟု ခေါ်ဝေါ်ခဲ့ကြသည်ကို သတိရကြလော့။
တရားဟော 16:12 - မြန်မာ့စံမီသမ္မာကျမ်း သင်သည် အီဂျစ်ပြည်၌ ကျွန်ဖြစ်ခဲ့ကြောင်းကို အောက်မေ့၍ ဤပြဋ္ဌာန်းချက်များကို လိုက်နာစောင့်ထိန်းရမည်။ Common Language Bible သင်တို့သည်ဤပညတ်များကိုစောင့်ထိန်းရန် သတိပြုကြလော့။ သင်တို့သည်အီဂျစ် ပြည်တွင်ကျွန်ခံခဲ့ဖူးကြောင်းမမေ့နှင့်။'' Garrad Bible သင် လည်း အိ ဂျစ် ပြည် တွင် ကျွန် ခံ ခဲ့ ကြောင်း အောက် မေ့၍၊ ဤ ထုံး ဖွဲ့ ချက် များ ကို စောင့် ရှောက် လိုက် နာ ကြ ရ မည်။ Judson Bible သင်သည် အဲဂုတ္တုပြည်၌ ကျွန်ခံခဲ့ဖူးကြောင်းကို အောက်မေ့၍၊ ဤပညတ်တရားတို့ကို ကျင့်စောင့်ရမည်။ |
ထို့ကြောင့် တစ်ချိန်က သင်တို့သည် ဇာတိအားဖြင့် လူမျိုးခြားများဖြစ်ကြပြီး ကိုယ်ကာယ၌ လက်ဖြင့်အရေဖျားလှီးထားသောသူတို့က သင်တို့ကို အရေဖျားမလှီးသောသူဟု ခေါ်ဝေါ်ခဲ့ကြသည်ကို သတိရကြလော့။
သင်သည် အီဂျစ်ပြည်၌ ကျွန်ဖြစ်ခဲ့၍ သင်၏ဘုရားသခင်ထာဝရဘုရားသည် သင့်ကို ရွေးနုတ်တော်မူခဲ့ကြောင်းကို အောက်မေ့လော့။ ထို့အတွက်ကြောင့်လည်း ဤပညတ်တော်ကို ယနေ့ သင့်အား ငါမှာကြားခြင်းဖြစ်၏။
သင်သည် သင်၏ကောက်နယ်တလင်းမှ ကောက်ပဲသီးနှံ၊ စပျစ်သီးနယ်ရာကျင်းမှစပျစ်ဝိုင်တို့ကိုသိမ်းပြီးသောအခါ ခုနစ်ရက်ပတ်လုံး ယာယီတဲစုပွဲတော်ကို ကျင်းပရမည်။
သင်သည် ထာဝရဘုရားရွေးချယ်တော်မူသောနေရာ၌ သင်၏ဘုရားသခင်ထာဝရဘုရားအဖို့ ခုနစ်ရက်ပတ်လုံး ပွဲတော်ကျင်းပရမည်။ သို့ပြုလျှင် သင်၏ဘုရားသခင်ထာဝရဘုရားသည် သင်၏အသီးအနှံအားလုံး၊ သင်ပြုသောအမှုဟူသမျှကို ကောင်းချီးပေးတော်မူ၍ သင်သည် အလွန်ဝမ်းမြောက်ရလိမ့်မည်။
သင်သည် အီဂျစ်ပြည်၌ ကျွန်ဖြစ်ခဲ့ကြောင်းကိုလည်းကောင်း၊ သင်၏ဘုရားသခင်ထာဝရဘုရားသည် အားကြီးသောလက်နှင့် လက်ရုံးတော်ကိုဆန့်လျက် သင့်အား ထိုပြည်မှထုတ်ဆောင်တော်မူခဲ့ကြောင်းကိုလည်းကောင်း အောက်မေ့လော့။ ထိုအကြောင်းကြောင့် ဥပုသ်နေ့ကိုစောင့်ထိန်းရန် သင်၏ဘုရားသခင်ထာဝရဘုရားသည် သင့်အားမိန့်မှာတော်မူခဲ့ခြင်းဖြစ်၏။