ငွေနှင့်လဲလှယ်၍ သင်၏ဘုရားသခင်ထာဝရဘုရားရွေးချယ်တော်မူသောနေရာသို့ ထိုငွေကို သင်ကိုယ်တိုင်ယူဆောင်သွားရမည်။
ထိုပစ္စည်းကိုရောင်းချ၍ရသောငွေကို ဘုရား ဝတ်ပြုရာတစ်ခုတည်းသောဌာနသို့ယူ သွားရမည်။-
တန် ဖိုး ငွေ ကို၊ ရွေး ချယ် တော် မူ မည့် ဌာ န သို့ ထုပ် ကိုင် ဆောင် သွား၍၊
ထိုဥစ္စာကို ရောင်းပြီးမှ၊ ငွေကိုကိုင်လျက်၊ သင်တို့၏ဘုရားသခင်ထာဝရဘုရား ရွေးကောက်တော်မူသော အရပ်သို့သွား၍၊
သူတို့သည် ဂျေရုဆလင်မြို့သို့ရောက်ကြသောအခါ ကိုယ်တော်သည် ဗိမာန်တော်ထဲသို့ဝင်၍ ဗိမာန်တော်၌ ရောင်းဝယ်နေသောသူတို့ကိုနှင်ထုတ်ကာ ငွေကြေးလဲလှယ်သူတို့၏စားပွဲများနှင့် ချိုးငှက်ရောင်းသူတို့၏ထိုင်ခုံများကို မှောက်လှန်တော်မူ၏။
ထို့နောက် ကိုယ်တော်သည် ဗိမာန်တော်ထဲသို့ဝင်၍ ရောင်းဝယ်နေသောသူတို့ကို နှင်ထုတ်တော်မူပြီး
သို့သော် သင်၏ဘုရားသခင်ထာဝရဘုရားသည် သင့်ကိုကောင်းချီးပေးတော်မူသောအခါ နာမတော်တည်ရာအဖြစ် သင်၏ဘုရားသခင်ထာဝရဘုရားရွေးချယ်တော်မူသောနေရာသည် ခရီးဝေး၍ သင်နှင့်ဝေးလွန်းသဖြင့် သင်သည် ထိုဆယ်ဖို့တစ်ဖို့ကိုမသယ်ဆောင်သွားနိုင်လျှင်
ထိုငွေဖြင့် နွား၊ သိုး၊ စပျစ်ဝိုင်၊ သေရည်သေရက်စသည်တို့ကို သင်အလိုရှိသမျှ၊ သင်တောင့်တသမျှ ဝယ်ယူပြီးလျှင် သင်၏ဘုရားသခင်ထာဝရဘုရား၏ရှေ့တော်၌ စား၍ သင်၏အိမ်သူအိမ်သားများနှင့်အတူ ဝမ်းမြောက်ရမည်။