မိမိ၏လူမျိုးတော်ကို တောကန္တာရတွင် ပို့ဆောင်တော်မူသောအရှင်၏ကျေးဇူးတော်ကို ချီးမွမ်းကြလော့။ အကြောင်းမူကား ကိုယ်တော်၏မေတ္တာကရုဏာတော်သည် အစဉ်အမြဲတည်၏။
တရားဟော 11:5 - မြန်မာ့စံမီသမ္မာကျမ်း ဤအရပ်သို့သင်တို့ရောက်သည့်တိုင်အောင် တောကန္တာရ၌ သင်တို့အတွက် မည်သို့ပြုတော်မူခဲ့ပုံ၊ Common Language Bible သင်တို့ဤအရပ်သို့မရောက်မီတောကန္တာရ ၌သင်တို့အတွက် ထာဝရဘုရားပြုတော် မူသောအမှုကိုသင်တို့သိမြင်ခဲ့ရကြ ပြီ။- Judson Bible ဤအရပ်သို့မရောက်မီ၊ တော၌လှည့်လည်စဉ်တွင် သင်တို့အားပြုတော်မူသောအမှုကိုလည်းကောင်း၊ |
မိမိ၏လူမျိုးတော်ကို တောကန္တာရတွင် ပို့ဆောင်တော်မူသောအရှင်၏ကျေးဇူးတော်ကို ချီးမွမ်းကြလော့။ အကြောင်းမူကား ကိုယ်တော်၏မေတ္တာကရုဏာတော်သည် အစဉ်အမြဲတည်၏။
ကိုယ်တော်သည် မောရှေနှင့်အာရုန်တို့လက်ဖြင့် မိမိ၏လူမျိုးတော်ကို သိုးအုပ်ကဲ့သို့ပို့ဆောင်တော်မူ၏။
အီဂျစ်စစ်သည်များ၊ မြင်းများ၊ စစ်ရထားများအား သင်တို့နောက်မှ လိုက်လာသောအခါ ထာဝရဘုရားသည် သူတို့ကို ပင်လယ်နီရေဖြင့်လွှမ်းမိုးစေ၍ ဖျက်ဆီးတော်မူခဲ့ပုံ၊
မြေကြီးသည် မိမိခံတွင်းကိုဖွင့်လျက် အစ္စရေးအမျိုးသားအပေါင်းတို့အလယ်၌ ရုဗင်သားမြေး၊ ဧလျာဘ၏သားများဖြစ်သော ဒါသန်နှင့်အဘိရံတို့နှင့်တကွ သူတို့၏အိမ်သူအိမ်သားများ၊ တဲများ၊ သူတို့ပိုင်ဆိုင်သောအရာရှိသမျှတို့ကိုမျိုခဲ့ပုံ စသည်တို့ကို ယနေ့ သင်တို့အောက်မေ့ကြလော့။