ရေသည် သူတို့၏ရန်သူများကိုဖုံးလွှမ်းသဖြင့် ရန်သူထဲတွင် အသက်ရှင်ကျန်ရစ်ခဲ့သူတစ်ဦးမျှမရှိပေ။
တရားဟော 11:4 - မြန်မာ့စံမီသမ္မာကျမ်း အီဂျစ်စစ်သည်များ၊ မြင်းများ၊ စစ်ရထားများအား သင်တို့နောက်မှ လိုက်လာသောအခါ ထာဝရဘုရားသည် သူတို့ကို ပင်လယ်နီရေဖြင့်လွှမ်းမိုးစေ၍ ဖျက်ဆီးတော်မူခဲ့ပုံ၊ Common Language Bible အီဂျစ်စစ်တပ်သည်သင်တို့အားလိုက်လံတိုက် ခိုက်စဉ်က ကိုယ်တော်သည်သူတို့၏မြင်းများ၊ စစ်ရထားများနှင့်တကွစစ်တပ်တစ်ခုလုံး ကို ပင်လယ်နီအတွင်း၌နစ်မြုပ်စေခဲ့ပုံကို သင်တို့မြင်ခဲ့ရ၏။- Judson Bible အဲဂုတ္တုစစ်သူရဲ အလုံးအရင်းတည်းဟူသော မြင်းစီးသူရဲ၊ ရထားစီးသူရဲတို့အား ပြုတော်မူသောအမှုကိုလည်းကောင်း၊ သင်တို့ကိုလိုက်သောသူတို့ကို ဧဒုံပင်လယ်ရေလွှမ်းမိုးစေ၍၊ ယနေ့တိုင်အောင် ဖျက်ဆီးတော်မူကြောင်းကိုလည်းကောင်း၊ |
ရေသည် သူတို့၏ရန်သူများကိုဖုံးလွှမ်းသဖြင့် ရန်သူထဲတွင် အသက်ရှင်ကျန်ရစ်ခဲ့သူတစ်ဦးမျှမရှိပေ။
ဖာရောမင်းကြီး၏မြင်းများနှင့်အတူ စစ်ရထားများ၊ မြင်းစီးသူရဲများသည် ပင်လယ်ထဲသို့ဝင်ကြသောအခါ ထာဝရဘုရားသည် ပင်လယ်ရေကို သူတို့အပေါ်သို့ ပြန်စီးလာစေတော်မူ၏။ အစ္စရေးအမျိုးသားတို့မူကား ပင်လယ်ထဲ၌ ခြောက်သွေ့သောမြေပေါ်တွင် လျှောက်သွားရ၏။
ဖာရောမင်းကြီး၏စစ်ရထားများနှင့်စစ်သည်တို့ကို ပင်လယ်ထဲသို့ချပစ်တော်မူပြီ။ လက်ရွေးစင်တပ်မှူးတို့သည်လည်း ပင်လယ်နီထဲ၌ နစ်မြုပ်ကြလေပြီ။
သင်တို့မူကား ပြန်လှည့်ပြီး ပင်လယ်နီလမ်းဖြင့် တောကန္တာရသို့ ခရီးပြုကြလော့’ဟု မိန့်တော်မူ၏။
ဤအရပ်သို့သင်တို့ရောက်သည့်တိုင်အောင် တောကန္တာရ၌ သင်တို့အတွက် မည်သို့ပြုတော်မူခဲ့ပုံ၊
ထို့နောက် ငါတို့သည် ပြန်လှည့်၍ ငါ့အား ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း ပင်လယ်နီလမ်းဖြင့် တောကန္တာရသို့ ခရီးပြုကာ စိရတောင်ပေါ်ဒေသတွင် ရက်ပေါင်းများစွာ လှည့်လည်ခဲ့ကြ၏။
အစ္စရေးအမျိုးသားတို့သည် ယုံကြည်ခြင်းအားဖြင့် ပင်လယ်နီကို ခြောက်သွေ့သောမြေကဲ့သို့ဖြတ်သွားကြ၏။ ထိုနည်းတူပြုရန် ကြံစည်အားထုတ်သောအီဂျစ်အမျိုးသားတို့သည် နစ်မြုပ်ကြကုန်၏။