ငါသည် တိရစ္ဆာန်အများအပြားကို မဆိုထားနှင့်၊ မိမိလက်ဝဲလက်ယာကိုပင် ခွဲခြားမသိနိုင်သောလူတစ်သိန်းနှစ်သောင်းကျော်ရှိသောနိနေဝေမြို့ကြီးကို နှမြောသင့်သည်မဟုတ်လော”ဟု မိန့်တော်မူ၏။
တရားဟော 1:39 - မြန်မာ့စံမီသမ္မာကျမ်း လုယူဖျက်ဆီးခြင်းခံရကြလိမ့်မည်ဟု သင်တို့ဆိုခဲ့သော သင်တို့၏ကလေးများ၊ ယခုအချိန်တွင် အကောင်းအဆိုးကိုမသိသေးသော သင်တို့၏သားသမီးများသည် ထိုပြည်သို့ ဝင်ရလိမ့်မည်။ ငါသည် ထိုပြည်ကို သူတို့အားပေး၍ သူတို့သည် ထိုပြည်ကို ပိုင်ဆိုင်ရလိမ့်မည်။ Common Language Bible ``ထို့နောက်ထာဝရဘုရားက ငါတို့အား`သင် တို့ကရန်သူ၏လက်တွင်းသို့ကျရောက်မည် ဟုဆိုသောကလေးများ၊ တစ်နည်းအားဖြင့် အမှားအမှန်ကိုခွဲခြား၍မသိနိုင်သေး သောသင်တို့၏ကလေးများသည် ထိုပြည် သို့ဝင်ရောက်ကြလိမ့်မည်။ ငါသည်ထိုပြည် ကိုသူတို့အားပေးသဖြင့်သူတို့သိမ်းယူ ကြလိမ့်မည်။- Garrad Bible ၎င်း ပြင်၊ အ ကောင်း အ ဆိုး ကို မ သိ သေး သော သား သ မီး များ၊ သုံ့ ဘမ်း ခံ ရ တော့ မည် ဟု သင် တို့ ဆို ကြ သော သူ ငယ် များ ပင်၊ ဝင် သွား လျက် ငါ ပေး သည် နှင့် အ ညီ ပိုင် ယူ ကြ လိမ့် မည်။ Judson Bible ရန်သူလုယူရာဖြစ်မည်ဟု သင်တို့ဆိုသောသူငယ်များ၊ ထိုအခါ ကောင်းမကောင်းကို ပိုင်းခြားမသိနိုင်သေးသော သားသမီးများတို့သည် ထိုပြည်ကို ဝင်စား၍၊ ငါပေးသည်အတိုင်း သိမ်းယူကြလိမ့်မည်။ |
ငါသည် တိရစ္ဆာန်အများအပြားကို မဆိုထားနှင့်၊ မိမိလက်ဝဲလက်ယာကိုပင် ခွဲခြားမသိနိုင်သောလူတစ်သိန်းနှစ်သောင်းကျော်ရှိသောနိနေဝေမြို့ကြီးကို နှမြောသင့်သည်မဟုတ်လော”ဟု မိန့်တော်မူ၏။
ငါတို့ကို ဓားဖြင့်သေစေရန် ထာဝရဘုရားသည် အဘယ်ကြောင့် ဤပြည်သို့ခေါ်ဆောင်ခဲ့သနည်း။ ငါတို့၏မယားနှင့်ကလေးတို့သည် လုယူဖျက်ဆီးခြင်းခံရကြလိမ့်မည်။ အီဂျစ်ပြည်သို့ပြန်သွားလျှင် ငါတို့အတွက် သာ၍ကောင်းသည်မဟုတ်လော”ဟု ဆိုကြ၏။
လုယူဖျက်ဆီးခြင်းခံရလိမ့်မည်ဟု သင်တို့ပြောခဲ့သော သင်တို့၏ကလေးတို့ကို ငါပို့ဆောင်မည်ဖြစ်၍ သင်တို့စွန့်ပစ်သော ထိုပြည်ကို သူတို့ သိမြင်ရကြလိမ့်မည်။
သားတို့မမွေးဖွားမီ၊ ထိုသားတို့သည် အကောင်းအဆိုးကိုမပြုကျင့်မီကပင် ဘုရားသခင်၏ရွေးကောက်ခြင်းနှင့်ဆိုင်သော အကြံအစည်တော်သည် အကျင့်အားဖြင့်မဟုတ်ဘဲ ခေါ်ယူတော်မူသောသူအားဖြင့် တည်စေရန်
ငါတို့အားလုံးသည်လည်း တစ်ချိန်က ထိုသူတို့ထဲတွင်ပါလျက် မိမိတို့သွေးသားဇာတိ၏တပ်မက်ခြင်းများထဲ၌ အသက်ရှင်နေထိုင်ခဲ့ပြီး ကိုယ်ကာယနှင့်စိတ်နှလုံးတို့၏အလိုအတိုင်းပြု၍ အခြားသောသူတို့ကဲ့သို့ပင် သဘာဝအလျောက် အမျက်တော်ခံထိုက်သောသူများဖြစ်ကြ၏။
သူတို့၏နေရာတွင် နောက်ထပ်မွေးဖွားလာသောသားမြေးတို့သည် အရေဖျားလှီးခြင်းကိုမခံရသေးသောသူများဖြစ်၍ ခရီးသွားနေစဉ်အတွင်း အရေဖျားလှီးခြင်းမခံရသေးသောကြောင့် ယောရှုသည် သူတို့ကို အရေဖျားလှီးပေး၏။