ဒုတိယလ၊ တစ်ဆယ့်လေးရက်နေ့တွင် ပသခါသိုးသငယ်ကို သတ်ကြ၏။ ယဇ်ပုရောဟိတ်များနှင့် လေဝိအမျိုးတို့သည် အရှက်ရ၍ သန့်ရှင်းခြင်းဝတ်ကိုပြုကြ၏။ ထို့နောက် မီးရှို့ရာယဇ်များကို ထာဝရဘုရား၏အိမ်တော်သို့ ယူဆောင်သွားကြ၏။
တောလည် 9:3 - မြန်မာ့စံမီသမ္မာကျမ်း သင်တို့သည် သတ်မှတ်ထားသောအချိန်ဖြစ်သည့် ဤလ တစ်ဆယ့်လေးရက်နေ့ နေဝင်ချိန်၌ ပြဋ္ဌာန်းချက်၊ စီရင်ထုံးဖွဲ့ချက်ရှိသမျှနှင့်အညီ ထိုပွဲတော်ကို ကျင်းပရမည်”ဟု မိန့်တော်မူ၏။ Garrad Bible ယ ခု လ ဆယ့် လေး ရက် ညဉ့် ဦး ယံ အ ခါ သ မ ယ၌ ပင် ထုံး ဖွဲ့ ဆုံး ဖြတ် ခဲ့ သ မျှ သော အ ချက် အ ရ ကျင်း ပ ကြ လော့ ဟု မိန့် တော် မူ သည် နှင့် အ ညီ၊ Judson Bible စီရင်ထုံးဖွဲ့သမျှသောထုံးစံအတိုင်း၊ ချိန်းချက်သော ကာလအချိန်တည်းဟူသော ယခုလ တစ်ဆယ်လေးရက်နေ့ ညဉ့်ဦးယံ၌ စောင့်ရကြမည်ဟု မိန့်တော်မူ၏။ |
ဒုတိယလ၊ တစ်ဆယ့်လေးရက်နေ့တွင် ပသခါသိုးသငယ်ကို သတ်ကြ၏။ ယဇ်ပုရောဟိတ်များနှင့် လေဝိအမျိုးတို့သည် အရှက်ရ၍ သန့်ရှင်းခြင်းဝတ်ကိုပြုကြ၏။ ထို့နောက် မီးရှို့ရာယဇ်များကို ထာဝရဘုရား၏အိမ်တော်သို့ ယူဆောင်သွားကြ၏။
ရှင်ဘုရင်နှင့်တကွ မှူးမတ်များနှင့် ဂျေရုဆလင်မြို့ရှိလူထုအပေါင်းတို့သည် ဒုတိယလတွင် ပသခါပွဲကို ကျင်းပရန် ဆုံးဖြတ်ကြ၏။
ယောရှိမင်းကြီးသည် ထာဝရဘုရားအဖို့ ပသခါပွဲတော်ကို ဂျေရုဆလင်မြို့တွင် ကျင်းပ၏။ ပထမလ၊ တစ်ဆယ့်လေးရက်တွင် ပသခါသိုးသငယ်ကို သတ်ကြ၏။
ပထမလ၊ တစ်ဆယ့်လေးရက်နေ့၊ နေဝင်ချိန်၌ ထာဝရဘုရားအဖို့ ပသခါပွဲတော်ကို ကျင်းပရမည်။
“အစ္စရေးအမျိုးသားတို့သည် သတ်မှတ်ထားသောအချိန်၌ ပသခါပွဲတော်ကိုကျင်းပရမည်။
ထို့ကြောင့် မောရှေသည် အစ္စရေးအမျိုးသားတို့အား ပသခါပွဲတော်ကျင်းပရန် ဆင့်ဆိုလေ၏။
ထိုသို့ပူဇော်ရလျှင် ကမ္ဘာတည်ချိန်မှစ၍ ဒုက္ခဝေဒနာကို အကြိမ်ကြိမ်ခံစားရပေလိမ့်မည်။ ယခုမူကား မိမိကိုယ်ကိုပူဇော်ခြင်းအားဖြင့် အပြစ်တရားကိုပယ်ဖျက်ရန် ကပ်ကာလအဆုံး၌ တစ်ကြိမ်တည်းပေါ်ထွန်းတော်မူ၏။