“အစ္စရေးအမျိုးသားတို့အား ဆင့်ဆိုလော့။ သင်တို့ဖြစ်စေ၊ သင်တို့၏မျိုးဆက်ဖြစ်စေ တစ်စုံတစ်ယောက်သည် လူသေအလောင်းကြောင့် မစင်မကြယ်ဖြစ်နေလျှင်လည်းကောင်း၊ ခရီးလွန်နေလျှင်လည်းကောင်း ထာဝရဘုရားအဖို့ ပသခါပွဲတော်ကို ကျင်းပခွင့်ရှိ၏။
တောလည် 9:11 - မြန်မာ့စံမီသမ္မာကျမ်း သူတို့သည် ထိုပွဲတော်ကို ဒုတိယလ၊ တစ်ဆယ့်လေးရက်နေ့ နေဝင်ချိန်တွင် ကျင်းပရမည်။ သိုးသငယ်အသားကို တဆေးမဲ့မုန့်၊ ခါးသောဟင်းရွက်တို့နှင့် စားရမည်။ Common Language Bible တစ်လစောင့်ဆိုင်း၍ဒုတိယလ၊ တစ်ဆယ့်လေးရက်နေ့ညနေတွင်ပွဲခံနိုင်ခွင့်ရှိသည်။ သူသည်သိုးသားကိုတဆေးမဲ့မုန့်၊ ခါးသောဟင်းသီးဟင်းရွက်တို့နှင့်စား၍ပသခါပွဲခံရမည်။- Garrad Bible ဒု တိ ယ လ ဆယ့် လေး ရက် ညဉ့် ဦး ယံ ၌ တ ဆေး မဲ့ မုန့်၊ ခါး သော ဟင်း သီး ဟင်း ရွက် နှင့် စား ကြ စေ။ Judson Bible ဒုတိယလ တစ်ဆယ်လေးရက်နေ့ ညဉ့်ဦးယံ၌ ပွဲခံ၍၊ သိုးသငယ်အသားကို တဆေးမပါသောမုန့်၊ ခါးသောဟင်းသီးဟင်းရွက်နှင့် စားရမည်။ |
“အစ္စရေးအမျိုးသားတို့အား ဆင့်ဆိုလော့။ သင်တို့ဖြစ်စေ၊ သင်တို့၏မျိုးဆက်ဖြစ်စေ တစ်စုံတစ်ယောက်သည် လူသေအလောင်းကြောင့် မစင်မကြယ်ဖြစ်နေလျှင်လည်းကောင်း၊ ခရီးလွန်နေလျှင်လည်းကောင်း ထာဝရဘုရားအဖို့ ပသခါပွဲတော်ကို ကျင်းပခွင့်ရှိ၏။
သင်တို့သည် သတ်မှတ်ထားသောအချိန်ဖြစ်သည့် ဤလ တစ်ဆယ့်လေးရက်နေ့ နေဝင်ချိန်၌ ပြဋ္ဌာန်းချက်၊ စီရင်ထုံးဖွဲ့ချက်ရှိသမျှနှင့်အညီ ထိုပွဲတော်ကို ကျင်းပရမည်”ဟု မိန့်တော်မူ၏။
ဤသို့ဖြစ်ပျက်ခဲ့သည်မှာ “သူ၏အရိုးတစ်ချောင်းမျှ ချိုးဖဲ့ခြင်းမခံရ”ဟူသောကျမ်းချက်ကို ပြည့်စုံစေရန်ဖြစ်၏။
သင်သည် အီဂျစ်ပြည်မှ အလျင်စလိုထွက်လာသောကြောင့် တဆေးမဲ့ဆင်းရဲဒုက္ခမုန့်ကိုစားခဲ့ရ၏။ သို့ဖြစ်၍ သင်အသက်ရှင်သမျှကာလပတ်လုံး အီဂျစ်ပြည်မှထွက်လာသောနေ့ကိုအောက်မေ့မည့်အကြောင်း ခုနစ်ရက်ပတ်လုံး ပသခါယဇ်ကိုတဆေးမဲ့မုန့်နှင့်စားရမည်။