“အစ္စရေးအမျိုးသားတို့တွင် လူဖြစ်စေ၊ တိရစ္ဆာန်ဖြစ်စေ သားအိမ်တိုင်းမှအဦးဆုံးထွက်လာသောသားဦးတိုင်းကို ငါပိုင်၏။ ငါ့အတွက် သန့်ရှင်းစေကြလော့”ဟု မိန့်တော်မူ၏။
တောလည် 8:16 - မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား သူတို့သည် အစ္စရေးအမျိုးသားတို့ထဲမှရွေးကောက်၍ ငါ့အား လုံးလုံးပေးအပ်ထားခြင်းခံရသူများဖြစ်၏။ ငါသည် အစ္စရေးအမျိုးသားတို့တွင် သားအိမ်တိုင်းမှအဦးဆုံးထွက်လာသောသားဦးရှိသမျှတို့အစား သူတို့ကို ငါ့အတွက် ငါရွေးယူပြီ။ Common Language Bible ဣသရေလအမျိုးသားတို့၏သားဦး အပေါင်းတို့ကိုယ်စား သူတို့ကိုငါ့အတွက် ငါရွေးကောက်ခဲ့သဖြင့်သူတို့သည်ငါနှင့် သာဆိုင်၏။- Garrad Bible အိ ဂျစ် ပြည် တွင် သား ဦး အ ပေါင်း တို့ ကို ဒဏ် ခတ် ခဲ့ သော နေ့ ရက်၌ ပင် ငါ့ ပိုင် ရာ တော် အ ဖြစ် ဣ သ ရေ လ အ မျိုး တွင် လူ သူ တိ ရ စ္ဆာန် သား ဦး ဟူ သ မျှ ကို သီး သန့် ထား သည် နှင့် အ ညီ ဣ သ ရေ လ အ မျိုး တွင် ဦး စွာ ဖွား သော သား ဦး များ အ စား လေ ဝိ အ နွယ် သား တို့ ကို ငါ ရွေး ကောက် သည့် အ လျောက် ငါ့ အား လွှဲ အပ် ရာ ဖြစ် ကြ သော ကြောင့် တည်း။ Judson Bible ဣသရေလအမျိုးထဲက သူတို့ကိုရွေးကောက်၍၊ ငါ့အားအပိုင်ပေးရမည်။ ဣသရေလအမျိုးတွင် အဦးဖွားမြင်သောသားဦးများအတွက် သူတို့ကိုငါသိမ်းယူ၏။ |
“အစ္စရေးအမျိုးသားတို့တွင် လူဖြစ်စေ၊ တိရစ္ဆာန်ဖြစ်စေ သားအိမ်တိုင်းမှအဦးဆုံးထွက်လာသောသားဦးတိုင်းကို ငါပိုင်၏။ ငါ့အတွက် သန့်ရှင်းစေကြလော့”ဟု မိန့်တော်မူ၏။
“ငါသည် အစ္စရေးအမျိုးသားတို့တွင် သားအိမ်မှအဦးဆုံးထွက်လာသောသားဦးရှိသမျှတို့အစား အစ္စရေးအမျိုးသားတို့ထဲမှ လေဝိအမျိုးတို့ကို ရွေးယူသည်ဖြစ်၍ လေဝိအမျိုးတို့သည် ငါ့အပိုင်ဖြစ်ရမည်။
အကြောင်းမူကား သားဦးရှိသမျှတို့ကို ငါပိုင်၏။ အီဂျစ်ပြည်၌ သားဦးအပေါင်းတို့ကို ငါဒဏ်ခတ်သောနေ့တွင် ငါသည် အစ္စရေးလူမျိုးတို့ထဲမှ လူမှစ၍ တိရစ္ဆာန်၏သားဦးရှိသမျှတို့ကို ငါ့အဖို့ သန့်ရှင်းစေခဲ့သောကြောင့် သူတို့သည် ငါ့အပိုင်ဖြစ်၏။ ငါသည် ထာဝရဘုရားဖြစ်၏”ဟု မိန့်တော်မူ၏။
“အစ္စရေးအမျိုးသားတို့၏သားဦးရှိသမျှတို့အစား လေဝိအမျိုးတို့ကိုလည်းကောင်း၊ အစ္စရေးအမျိုးသားတို့၏တိရစ္ဆာန်အစား လေဝိအမျိုးတို့၏တိရစ္ဆာန်ကိုလည်းကောင်း ငါ့အဖို့ ယူရမည်။ လေဝိအမျိုးတို့သည် ငါ့အဖို့ဖြစ်ရမည်။ ငါသည် ထာဝရဘုရားဖြစ်၏။
“လေဝိအမျိုးအနွယ်တို့ကို ခေါ်လာ၍ ယဇ်ပုရောဟိတ်အာရုန်နှင့်ဆိုင်သောအလုပ်ကို လုပ်ဆောင်စေလော့။
သို့ဖြစ်၍ သင်သည် လေဝိအမျိုးတို့ကို အာရုန်နှင့်သူ၏သားများထံ အပ်နှံရမည်။ လေဝိအမျိုးတို့သည် အစ္စရေးအမျိုးသားတို့အနက် အာရုန်ထံ လုံးလုံးအပ်နှံခြင်းခံရသူများဖြစ်၏။