ငါသည် သင်တို့၏အမျိုးသားချင်းလေဝိအမျိုးတို့ကို အစ္စရေးအမျိုးသားတို့ထဲမှ ရွေးယူပြီ။ သူတို့သည် တွေ့ဆုံစည်းဝေးရာတဲတော်၏အမှုကိစ္စကိုဆောင်ရွက်ရန် သင်တို့အတွက်လက်ဆောင်အဖြစ် ထာဝရဘုရားထံ ဆက်ကပ်ထားခြင်းခံရသူများဖြစ်၏။
တောလည် 8:13 - မြန်မာ့စံမီသမ္မာကျမ်း သင်သည် လေဝိအမျိုးတို့ကို အာရုန်နှင့်သူ့သားတို့၏ရှေ့၌ရပ်စေ၍ သူတို့ကို ထာဝရဘုရားထံ ချီလွှဲရာပူဇော်သက္ကာအဖြစ် ဆက်ကပ်ရမည်။ Common Language Bible ``လေဝိအနွယ်ဝင်တို့ကိုငါ့အားအထူး ပူဇော်သကာအဖြစ်ဆက်ကပ်၍ အာရုန်နှင့် သူ၏သားတို့ကသူတို့ကိုကြီးကြပ်ကွပ် ကဲစေရမည်။- Garrad Bible အာ ရုန် နှင့် သား တို့ ရှေ့ တွင် လည်း လေ ဝိ အ နွယ် သား တို့ ကို ထား၍ ထာ ဝ ရ ဘု ရား ထံ ဦး တိုက် ရာ အ လှူ အ ဖြစ် ဦး တိုက် သ ဖြင့်၊ Judson Bible လေဝိသားတို့ကို၊ အာရုန်နှင့် သူ၏သားတို့ရှေ့မှာထား၍ ထာဝရဘုရားအား ပူဇော်သကာပြုရမည်။ |
ငါသည် သင်တို့၏အမျိုးသားချင်းလေဝိအမျိုးတို့ကို အစ္စရေးအမျိုးသားတို့ထဲမှ ရွေးယူပြီ။ သူတို့သည် တွေ့ဆုံစည်းဝေးရာတဲတော်၏အမှုကိစ္စကိုဆောင်ရွက်ရန် သင်တို့အတွက်လက်ဆောင်အဖြစ် ထာဝရဘုရားထံ ဆက်ကပ်ထားခြင်းခံရသူများဖြစ်၏။
အစ္စရေးအမျိုးသားတို့ထဲရှိ လေဝိအမျိုးတို့သည် ထာဝရဘုရား၏အမှုတော်ထမ်းဆောင်ရန် အာရုန်သည် သူတို့ကို ထာဝရဘုရားရှေ့တော်၌ ချီလွှဲရာပူဇော်သက္ကာအဖြစ် ဆက်ကပ်ရမည်။
လေဝိအမျိုးတို့သည် မိမိတို့၏လက်ကို နွားထီးပျိုတို့၏ခေါင်းပေါ်၌တင်ရမည်။ လေဝိအမျိုးတို့အတွက် အပြစ်ဖြေလွှတ်ခြင်းကိုပြုရန် တစ်ကောင်ကို အပြစ်ဖြေရာယဇ်အတွက်၊ ကျန်တစ်ကောင်ကို မီးရှို့ရာယဇ်အတွက် ထာဝရဘုရားထံ ပူဇော်ရမည်။
ဤသို့ဖြင့် သင်သည် အစ္စရေးအမျိုးသားတို့တွင် လေဝိအမျိုးတို့ကို သီးခြားခွဲထားရမည်။ လေဝိအမျိုးတို့သည် ငါပိုင်ဆိုင်ရာဖြစ်ကြရလိမ့်မည်။
လေဝိအမျိုးတို့သည် မိမိကိုယ်မိမိသန့်စင်အောင်ပြု၍ မိမိတို့၏အဝတ်များကိုလျှော်ပြီးသောအခါ အာရုန်သည် သူတို့ကို ထာဝရဘုရားရှေ့တော်၌ ချီလွှဲရာပူဇော်သက္ကာအဖြစ် ဆက်ကပ်လေ၏။ အာရုန်သည် သူတို့စင်ကြယ်စေရန် သူတို့အတွက် အပြစ်ဖြေလွှတ်ခြင်းကိုလည်းပြုလေ၏။
သို့ဖြစ်၍ ညီအစ်ကိုတို့၊ ဘုရားသခင်၏ကရုဏာတော်အားဖြင့် သင်တို့အား ငါတိုက်တွန်းနှိုးဆော်လိုသည်မှာ သင်တို့၏ကိုယ်ခန္ဓာကို ဘုရားသခင်နှစ်သက်တော်မူသည့် သန့်ရှင်း၍အသက်ရှင်သောယဇ်အဖြစ် ပူဇော်ကြလော့။ ဤသည်ကား သင်တို့ပြုအပ်သော ဝိညာဉ်ရေးဆိုင်ရာဝတ်ပြုခြင်းဖြစ်၏။