ပူဇော်သက္ကာသွန်းလောင်းရာတွင်အသုံးပြုရန် စားပွဲအတွက် လင်ပန်းများ၊ ခွက်များ၊ ကရားများ၊ ပန်းကန်လုံးများကို ရွှေစင်ဖြင့်လုပ်ရမည်။
တောလည် 7:84 - မြန်မာ့စံမီသမ္မာကျမ်း ယဇ်ပလ္လင်ကို ဘိသိက်သွန်းသောနေ့၌ ယဇ်ပလ္လင်ဆက်ကပ်ခြင်းအတွက် အစ္စရေးခေါင်းဆောင်တို့ယူဆောင်လာသောပူဇော်သက္ကာမှာ ငွေလင်ပန်း တစ်ဆယ့်နှစ်ခု၊ ငွေဇလုံ တစ်ဆယ့်နှစ်လုံး၊ ရွှေခွက် တစ်ဆယ့်နှစ်လုံး ဖြစ်၏။ Common Language Bible ယဇ်ပလ္လင်ကိုအနုမောဒနာပြုရာ၌ ဣသ ရေလအမျိုးခေါင်းဆောင်တစ်ဆယ့်နှစ်ဦး တို့ယူဆောင်ခဲ့ကြသောလှူဖွယ်ပစ္စည်းစုစု ပေါင်းမှာ၊ -အလေးချိန်စုစုပေါင်းပေါင်ခြောက်ဆယ်ရှိသော ငွေဖလားတစ်ဆယ့်နှစ်လုံးနှင့်ငွေအင်တုံတစ် ဆယ့်နှစ်လုံး၊ -နံ့သာပေါင်းအပြည့်ရှိသောအလေးချိန် စုစုပေါင်းလေးဆယ့်ရှစ်အောင်စရှိရွှေလင် ပန်းတစ်ဆယ့်နှစ်ချပ်၊ -မီးရှို့ရာယဇ်အတွက်နွားထီးတစ်ဆယ့်နှစ် ကောင်၊ သိုးထီးတစ်ဆယ့်နှစ်ကောင်၊ တစ်နှစ်သား သိုးကလေးတစ်ဆယ့်နှစ်ကောင်နှင့် ယင်းတို့ နှင့်သက်ဆိုင်သောဘောဇဉ်သကာများ၊ -အပြစ်ဖြေရာယဇ်အတွက်ဆိတ်တစ်ဆယ့် နှစ်ကောင်။ -မိတ်သဟာယယဇ်အတွက်နွားထီးနှစ်ဆယ့် လေးကောင်၊သိုးထီးအကောင်ခြောက်ဆယ်၊ဆိတ် အကောင်ခြောက်ဆယ်၊တစ်နှစ်သားသိုးကလေး အကောင်ခြောက်ဆယ်စသည်တို့ဖြစ်ကြသည်။ Garrad Bible သို့ နှင့် အ ညီ ပူ ဇော် ရာ ပ လ္လင် တော် ကို ဘိ သိက် ဆီ သွန်း သော ကာ လ၊ ဣ သ ရေ လ လူ မျိုး အ ကြီး အ ကဲ တို့၏ အ နု မော ဒ နာ ပ ဏ္ဏာ ပေါင်း ကား၊ တစ် ပိဿာ သုံး ဆယ် စီး ငွေ လင် ပန်း ဆယ့် နှစ် ချပ်၊ ကျပ် ခု နစ် ဆယ် စီး ငွေ အင် တုံ ဆယ့် နှစ် လုံး၊ ကျပ် ချိန် တော် အ လိုက် ငွေ ချိန် ပေါင်း နှစ် ဆယ့် လေး ပိဿာ၊ Judson Bible ထိုသို့ဣသရေလအမျိုးတို့၌ မင်းဖြစ်သောသူတို့သည်၊ ယဇ်ပလ္လင်ကို ဆီလူးသောနေ့၌ အနုမောဒနာပြုစရာဖို့ ဆက်သော ငွေအင်တုံပေါင်းဆယ်နှစ်လုံး၊ ငွေဖလားပေါင်းဆယ်နှစ်လုံး၊ ရွှေဇွန်းပေါင်းဆယ်နှစ်စင်းတည်း။ |
ပူဇော်သက္ကာသွန်းလောင်းရာတွင်အသုံးပြုရန် စားပွဲအတွက် လင်ပန်းများ၊ ခွက်များ၊ ကရားများ၊ ပန်းကန်လုံးများကို ရွှေစင်ဖြင့်လုပ်ရမည်။
မောရှေသည် ကိန်းဝပ်တော်မူရာတဲတော်ကို တည်ပြီးသောနေ့၌ ကိန်းဝပ်တော်မူရာတဲတော်နှင့် ထိုတဲတော်၏တန်ဆာပလာရှိသမျှကို ဘိသိက်သွန်း၍ သန့်ရှင်းစေ၏။ ယဇ်ပလ္လင်နှင့် ထိုယဇ်ပလ္လင်၏တန်ဆာပလာရှိသမျှကိုလည်း ဘိသိက်သွန်း၍ သန့်ရှင်းစေ၏။
ယဇ်ပလ္လင်ကို ဘိသိက်သွန်းသောနေ့၌ ခေါင်းဆောင်တို့သည် ယဇ်ပလ္လင်ဆက်ကပ်ခြင်းအတွက် ပူဇော်သက္ကာများကို ယူဆောင်လာ၍ မိမိတို့၏ပူဇော်သက္ကာကို ယဇ်ပလ္လင်ရှေ့၌ ပူဇော်ကြ၏။
မိတ်သဟာယယဇ်အတွက် နွားထီးနှစ်ကောင်၊ သိုးထီးငါးကောင်၊ ဆိတ်ထီးငါးကောင်နှင့် တစ်နှစ်သားအရွယ် သိုးသငယ်ငါးကောင် တို့ဖြစ်ကြ၏။ ဤသည်ကား ဧနန်၏သား အဟိရ၏ပူဇော်သက္ကာများ ဖြစ်၏။
ငွေလင်ပန်းတစ်ခု၏အလေးချိန်မှာ တစ်ရာ့သုံးဆယ်ရှယ်ကယ်၊ ငွေဇလုံတစ်လုံး၏အလေးချိန်မှာ ခုနစ်ဆယ်ရှယ်ကယ် ရှိ၏။ ထိုတန်ဆာပလာတို့၏အလေးချိန်ပေါင်းကား သန့်ရှင်းရာဌာန၏ရှယ်ကယ်စံနှုန်းနှင့်အညီ ရှယ်ကယ်နှစ်ထောင့်လေးရာရှိ၏။
ငါတို့တွင် ယဇ်ပလ္လင်တစ်ခုရှိ၏။ တဲတော်ဝတ်ကိုပြုသောသူတို့သည် ထိုယဇ်ပလ္လင်ပေါ်မှပူဇော်သက္ကာကို စားခွင့်မရှိ။
မြို့ရိုးတွင် အုတ်မြစ်တစ်ဆယ့်နှစ်ခုရှိ၍ ၎င်းတို့ပေါ်၌ သိုးသငယ်တော်၏တမန်တော်တစ်ဆယ့်နှစ်ပါးတို့၏အမည်တစ်ဆယ့်နှစ်ခုကိုရေးထား၏။