တောလည် 7:83 - မြန်မာ့စံမီသမ္မာကျမ်း မိတ်သဟာယယဇ်အတွက် နွားထီးနှစ်ကောင်၊ သိုးထီးငါးကောင်၊ ဆိတ်ထီးငါးကောင်နှင့် တစ်နှစ်သားအရွယ် သိုးသငယ်ငါးကောင် တို့ဖြစ်ကြ၏။ ဤသည်ကား ဧနန်၏သား အဟိရ၏ပူဇော်သက္ကာများ ဖြစ်၏။ Garrad Bible မိတ် သ ဟာ ယ ပူ ဇော် သ က္ကာ အ ဖြစ် နွား နှစ် ကောင် နှင့် တ ကွ သိုး ထီး၊ ဆိတ် ထီး၊ အ ခါ လည် သော သိုး သား ငယ် အ ထီး ငါး ကောင် စီ ကို ဧ နန့် သား အ ဟိ ရ လှူ ဒါန်း သ တည်း။ Judson Bible မိတ်သဟာယယဇ်ဖို့ နွားနှစ်ကောင်၊ သိုးငါးကောင်၊ ဆိတ်ငါးကောင်၊ အခါလည်သော သိုးသငယ်ငါးကောင်တို့ကို ဧနန်သားအဟိရသည် ပူဇော်လေ၏။ |
ထို့နောက် နဿလိအမျိုးအနွယ် စခန်းချရမည်။ ဧနန်၏သား အဟိရသည် နဿလိအမျိုးသားတို့၏ခေါင်းဆောင် ဖြစ်ရမည်။
ယဇ်ပလ္လင်ကို ဘိသိက်သွန်းသောနေ့၌ ယဇ်ပလ္လင်ဆက်ကပ်ခြင်းအတွက် အစ္စရေးခေါင်းဆောင်တို့ယူဆောင်လာသောပူဇော်သက္ကာမှာ ငွေလင်ပန်း တစ်ဆယ့်နှစ်ခု၊ ငွေဇလုံ တစ်ဆယ့်နှစ်လုံး၊ ရွှေခွက် တစ်ဆယ့်နှစ်လုံး ဖြစ်၏။