တောလည် 7:48 - မြန်မာ့စံမီသမ္မာကျမ်း သတ္တမနေ့၌ ဧဖရိမ်သားမြေးတို့၏ခေါင်းဆောင်၊ အမိဟုဒ်၏သားဧလိရှမာ ယူဆောင်လာသော ပူဇော်သက္ကာများမှာ Garrad Bible သ တ္တ မ နေ့၌ ဧ ဖ ရိမ့် အ နွယ် သား တို့ အ ကြီး အ ကဲ၊ အ မိ ဟုဒ် သား ဧ လိ ရှာ မာ လှူ ဒါန်း သည် ကား၊ Judson Bible သတ္တမနေ့၌ ဧဖရိမ်အမျိုးတွင်မင်းဖြစ်သော အမိဟုဒ်သားဧလိရှမာဆက်သော ပူဇော်သကာဟူမူကား၊ |
ယောသပ်၏သားတို့တွင် ဧဖရိမ်အမျိုးမှ အမိဟုဒ်၏သား ဧလိရှမာ၊ မနာရှေအမျိုးမှ ပေဒါဇုရ၏သား ဂါမလျေလ၊
ဧဖရိမ်တပ်စခန်း၏အလံနားရှိ ဧဖရိမ်တပ်ဖွဲ့သည် အနောက်ဘက်၌ စခန်းချရမည်။ အမိဟုဒ်၏သား ဧလိရှမာသည် ဧဖရိမ်အမျိုးသားတို့၏ခေါင်းဆောင် ဖြစ်ရမည်။
မိတ်သဟာယယဇ်အတွက် နွားထီးနှစ်ကောင်၊ သိုးထီးငါးကောင်၊ ဆိတ်ထီးငါးကောင်နှင့် တစ်နှစ်သားအရွယ် သိုးသငယ်ငါးကောင် တို့ဖြစ်ကြ၏။ ဤသည်ကား ဒွေလ၏သား ဧလျာသပ်၏ပူဇော်သက္ကာများ ဖြစ်၏။
ဘောဇဉ်ပူဇော်သက္ကာအတွက် ဆီနှင့်ရောသောအကောင်းဆုံးဂျုံမှုန့်အပြည့်ပါသည့် သန့်ရှင်းရာဌာန၏ရှယ်ကယ်စံနှုန်းနှင့်အညီ အလေးချိန်ရှယ်ကယ်တစ်ရာ့သုံးဆယ်ရှိသော ငွေလင်ပန်းတစ်ချပ်နှင့် ရှယ်ကယ်ခုနစ်ဆယ်ရှိသော ငွေဇလုံတစ်လုံး၊