ယဇ်ပလ္လင်ကို ဘိသိက်သွန်းသောနေ့၌ ခေါင်းဆောင်တို့သည် ယဇ်ပလ္လင်ဆက်ကပ်ခြင်းအတွက် ပူဇော်သက္ကာများကို ယူဆောင်လာ၍ မိမိတို့၏ပူဇော်သက္ကာကို ယဇ်ပလ္လင်ရှေ့၌ ပူဇော်ကြ၏။
တောလည် 7:11 - မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမှာ ထာဝရဘုရားက မောရှေအား “ခေါင်းဆောင်တို့သည် ယဇ်ပလ္လင်ဆက်ကပ်ခြင်းအတွက် တစ်နေ့လျှင်တစ်ယောက် မိမိတို့၏ပူဇော်သက္ကာကို ယူဆောင်လာရမည်”ဟု မိန့်တော်မူခဲ့၏။ Common Language Bible ထာဝရဘုရားကမောရှေအား``ယဇ်ပလ္လင် ကိုအနုမောဒနာပြုရာ၌ခေါင်းဆောင်တစ် ဆယ့်နှစ်ဦးတို့သည် တစ်ဦးလျှင်တစ်ရက်ကျ အလှည့်ယူ၍မိမိတို့၏လှူဖွယ်ပစ္စည်းများ ကိုဆက်သစေရမည်'' ဟုမိန့်တော်မူ၏။ Garrad Bible ထာ ဝ ရ ဘု ရား က၊ ပူ ဇော် ရာ ပ လ္လင် တော် ကို အ နု မော ဒ နာ ပြု ရန် အ ကြီး အ ကဲ အ သီး အ သီး တို့ အ လှည့် ကျ ရက်၌ ဆက် သွင်း လှူ ဒါန်း ကြ စေ ဟု မော ရှေ အား မိန့် တော် မူ သည့် အ တိုင်း၊ Judson Bible ထာဝရဘုရားကလည်း၊ ယဇ်ပလ္လင်ကို အနုမောဒနာပြုစရာဖို့၊ မင်းအသီးအသီးတို့သည် နေ့ရက်အစဉ်အတိုင်း မိမိပူဇော်သကာကိုပြုရကြမည်ဟု မောရှေအားမိန့်တော်မူ၏။ |
ယဇ်ပလ္လင်ကို ဘိသိက်သွန်းသောနေ့၌ ခေါင်းဆောင်တို့သည် ယဇ်ပလ္လင်ဆက်ကပ်ခြင်းအတွက် ပူဇော်သက္ကာများကို ယူဆောင်လာ၍ မိမိတို့၏ပူဇော်သက္ကာကို ယဇ်ပလ္လင်ရှေ့၌ ပူဇော်ကြ၏။
ပထမနေ့၌ ယုဒအမျိုးအနွယ်မှ အမိနဒပ်၏သား နာရှုန်သည် ပူဇော်သက္ကာကို ယူဆောင်လာ၏။
အကြောင်းမူကား ဘုရားသခင်သည် ရုန်းရင်းဆန်ခတ်ဖြစ်ခြင်းနှင့်ဆိုင်သောဘုရားမဟုတ်ဘဲ ငြိမ်သက်ခြင်းနှင့်ဆိုင်သောဘုရားဖြစ်တော်မူ၏။ သန့်ရှင်းသူတို့၏အသင်းတော်တိုင်း၌ ပြုကျင့်သကဲ့သို့
အကြောင်းမူကား ငါသည် ကိုယ်ခန္ဓာအားဖြင့် သင်တို့နှင့်ကွဲကွာနေသော်လည်း စိတ်ဝိညာဉ်အားဖြင့်မူကား သင်တို့နှင့်အတူရှိ၍ သင်တို့၏အစီအစဉ်တကျရှိခြင်းနှင့် ခရစ်တော်အပေါ် သင်တို့၏ယုံကြည်ခြင်းခိုင်မာမှုတို့ကိုတွေ့သဖြင့် ဝမ်းမြောက်၏။