ရှောလမုန်မင်းကြီးသည် နွားကောင်ရေနှစ်သောင်းနှစ်ထောင်၊ သိုးကောင်ရေတစ်သိန်းနှစ်သောင်းတို့ကို ထာဝရဘုရားထံ မိတ်သဟာယယဇ်အဖြစ် ပူဇော်၏။ ဤသို့ဖြင့် ရှင်ဘုရင်နှင့် အစ္စရေးအမျိုးသားအပေါင်းတို့သည် ထာဝရဘုရား၏အိမ်တော်ကို ဆက်ကပ်ကြလေ၏။
တောလည် 7:10 - မြန်မာ့စံမီသမ္မာကျမ်း ယဇ်ပလ္လင်ကို ဘိသိက်သွန်းသောနေ့၌ ခေါင်းဆောင်တို့သည် ယဇ်ပလ္လင်ဆက်ကပ်ခြင်းအတွက် ပူဇော်သက္ကာများကို ယူဆောင်လာ၍ မိမိတို့၏ပူဇော်သက္ကာကို ယဇ်ပလ္လင်ရှေ့၌ ပူဇော်ကြ၏။ Common Language Bible ဣသရေလခေါင်းဆောင်တို့ယဇ်ပလ္လင်ကို အနုမောဒနာပြုရာ၌လည်းပူဇော်သကာ များကိုယူဆောင်ခဲ့ကြသည်။ သူတို့သည် ယဇ်ပလ္လင်၌လှူဖွယ်ပစ္စည်းများကို ဆက်သ ရန်အသင့်ရှိသောအခါ၊- Garrad Bible ပူ ဇော် ရာ ပ လ္လင် တော် ကို ဘိ သိက် ဆီ သွန်း သော နေ့၌ အ ကြီး အ ကဲ တို့ သည် အ နု မော ဒ နာ ပ ဏ္ဏာ များ ကို ပ လ္လင် တော် ရှေ့ ဆောင် သွင်း လှူ ဒါန်း ကြ ရာ၊ Judson Bible ယဇ်ပလ္လင်ကိုဆီလူးသောနေ့၌ အနုမောဒနာပြုစရာဖို့ ယဇ်ပလ္လင်ရှေ့မှာ အခြားသောပူဇော်သကာကို ပြုကြ၏။ |
ရှောလမုန်မင်းကြီးသည် နွားကောင်ရေနှစ်သောင်းနှစ်ထောင်၊ သိုးကောင်ရေတစ်သိန်းနှစ်သောင်းတို့ကို ထာဝရဘုရားထံ မိတ်သဟာယယဇ်အဖြစ် ပူဇော်၏။ ဤသို့ဖြင့် ရှင်ဘုရင်နှင့် အစ္စရေးအမျိုးသားအပေါင်းတို့သည် ထာဝရဘုရား၏အိမ်တော်ကို ဆက်ကပ်ကြလေ၏။
ရှောလမုန်မင်းကြီးသည် နွားကောင်ရေနှစ်သောင်းနှစ်ထောင်၊ သိုးကောင်ရေတစ်သိန်းနှစ်သောင်းတို့ကို ယဇ်ပူဇော်၏။ ရှင်ဘုရင်နှင့် လူထုအပေါင်းတို့သည် ဘုရားသခင်၏အိမ်တော်ကို ဆက်ကပ်ရာတွင်
ယဇ်ပလ္လင်ဆက်ကပ်ပွဲကို ခုနစ်ရက်ကျင်းပပြီး ပွဲတော်ကို နောက်ထပ်ခုနစ်ရက် ကျင်းပ၏။ ရှစ်ရက်မြောက်သောနေ့တွင် ဓမ္မစည်းဝေးပွဲကြီးကို ကျင်းပ၏။
ဂျေရုဆလင်မြို့ရိုးဆက်ကပ်ပွဲကျင်းပရာတွင် လင်းကွင်း၊ စောင်းပြား၊ စောင်းကောက်တို့ကိုတီးမှုတ်၍ ဝမ်းမြောက်စွာ ကျေးဇူးတော်ချီးမွမ်းသီဆိုလျက် ဆက်ကပ်ပွဲကိုကျင်းပနိုင်ရန် လေဝိအမျိုးတို့ကိုရှာ၍ သူတို့နေထိုင်ရာအရပ်ရပ်မှ ဂျေရုဆလင်မြို့သို့ လာရောက်စေ၏။
ထိုနေ့တွင် သူတို့သည် ယဇ်ပူဇော်ပွဲကြီးကို ကျင်းပကြ၏။ ဘုရားသခင်သည် သူတို့အား အထူးဝမ်းမြောက်သောအခွင့်ကို ပေးတော်မူသဖြင့် သူတို့သည် အလွန်ဝမ်းမြောက်ကြ၏။ မိန်းမများနှင့် ကလေးသူငယ်များပါမကျန် ဝမ်းမြောက်ပျော်ရွှင်ကြ၏။ ဂျေရုဆလင်မြို့၏ဝမ်းမြောက်သံသည် အဝေးကပင် ကြားရလေ၏။
အို ထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်ကိုဆွဲတင်တော်မူပြီး အကျွန်ုပ်၏ရန်သူတို့အား အကျွန်ုပ်ကြောင့် ဝမ်းမြောက်ရသောအခွင့်ကို ပေးတော်မမူသောကြောင့် ကိုယ်တော်ကို အကျွန်ုပ်ချီးမြှောက်ပါမည်။
မောရှေသည် ကိန်းဝပ်တော်မူရာတဲတော်ကို တည်ပြီးသောနေ့၌ ကိန်းဝပ်တော်မူရာတဲတော်နှင့် ထိုတဲတော်၏တန်ဆာပလာရှိသမျှကို ဘိသိက်သွန်း၍ သန့်ရှင်းစေ၏။ ယဇ်ပလ္လင်နှင့် ထိုယဇ်ပလ္လင်၏တန်ဆာပလာရှိသမျှကိုလည်း ဘိသိက်သွန်း၍ သန့်ရှင်းစေ၏။
အကြောင်းမှာ ထာဝရဘုရားက မောရှေအား “ခေါင်းဆောင်တို့သည် ယဇ်ပလ္လင်ဆက်ကပ်ခြင်းအတွက် တစ်နေ့လျှင်တစ်ယောက် မိမိတို့၏ပူဇော်သက္ကာကို ယူဆောင်လာရမည်”ဟု မိန့်တော်မူခဲ့၏။
ယဇ်ပလ္လင်ကို ဘိသိက်သွန်းသောနေ့၌ ယဇ်ပလ္လင်ဆက်ကပ်ခြင်းအတွက် အစ္စရေးခေါင်းဆောင်တို့ယူဆောင်လာသောပူဇော်သက္ကာမှာ ငွေလင်ပန်း တစ်ဆယ့်နှစ်ခု၊ ငွေဇလုံ တစ်ဆယ့်နှစ်လုံး၊ ရွှေခွက် တစ်ဆယ့်နှစ်လုံး ဖြစ်၏။
မိတ်သဟာယယဇ်အတွက် တိရစ္ဆာန်စုစုပေါင်းမှာ နွားထီးနှစ်ဆယ့်လေးကောင်၊ သိုးထီးအကောင်ခြောက်ဆယ်၊ ဆိတ်ထီးအကောင်ခြောက်ဆယ်၊ တစ်နှစ်သားအရွယ်သိုးသငယ် အကောင်ခြောက်ဆယ် ဖြစ်၏။ ဤသည်ကား ယဇ်ပလ္လင်ကို ဘိသိက်သွန်းပြီးနောက် ယဇ်ပလ္လင်ဆက်ကပ်ခြင်းအတွက် ပူဇော်သက္ကာများ ဖြစ်၏။
ကြီးကြပ်အုပ်ချုပ်သူတို့ကလည်း စစ်သည်တို့အား ‘အိမ်အသစ်ဆောက်၍ မဆက်ကပ်ရသေးသောသူတစ်စုံတစ်ယောက်ရှိသလော။ ထိုသူကို မိမိအိမ်သို့ပြန်သွားစေ။ သို့မဟုတ်လျှင် သူသည် စစ်ပွဲ၌ ကျဆုံးလျှင် အခြားသူသည် ထိုအိမ်ကို ဆက်ကပ်သွားလိမ့်မည်။