ထိုသတ္တမနေ့ကို ဘုရားသခင်သည် ကောင်းချီးပေး၍ သန့်ရှင်းစေတော်မူ၏။ အကြောင်းမူကား ထိုနေ့၌ ဘုရားသခင်သည် မိမိလုပ်ဆောင်သောဖန်ဆင်းခြင်းအမှု အလုံးစုံပြီးဆုံး၍ ငြိမ်ဝပ်စွာနေတော်မူ၏။
တောလည် 7:1 - မြန်မာ့စံမီသမ္မာကျမ်း မောရှေသည် ကိန်းဝပ်တော်မူရာတဲတော်ကို တည်ပြီးသောနေ့၌ ကိန်းဝပ်တော်မူရာတဲတော်နှင့် ထိုတဲတော်၏တန်ဆာပလာရှိသမျှကို ဘိသိက်သွန်း၍ သန့်ရှင်းစေ၏။ ယဇ်ပလ္လင်နှင့် ထိုယဇ်ပလ္လင်၏တန်ဆာပလာရှိသမျှကိုလည်း ဘိသိက်သွန်း၍ သန့်ရှင်းစေ၏။ Common Language Bible မောရှေသည်တဲတော်ကိုတည်ဆောက်ပြီး သောနေ့တွင် တဲတော်နှင့်သက်ဆိုင်ရာပစ္စည်း များကိုလည်းကောင်း၊ ယဇ်ပလ္လင်နှင့်သက်ဆိုင် သောပစ္စည်းများကိုလည်းကောင်း ဘိသိက်ဆီ လောင်း၍ထာဝရဘုရားအားဆက်ကပ် လေသည်။- Garrad Bible မော ရှေ သည် စံ ရာ တော် နှင့် ကိ ရိ ယာ တန် ဆာ ရှိ သ မျှ ကို လည်း ကောင်း၊ ပူ ဇော် ရာ ပ လ္လင် တော် နှင့် ကိ ရိ ယာ တန် ဆာ ရှိ သ မျှ ကို လည်း ကောင်း၊ အ ပြီး သတ် စိုက် ထူ၍ ဘိ သိက် ဆီ သွန်း သ ဖြင့် သီး သန့် ထား သည့် နေ့ ရက်၌၊ Judson Bible မောရှေသည် တဲတော်ကိုထူထောင်၍၊ တဲတော်နှင့် တဲတော်တန်ဆာရှိသမျှတို့ကိုလည်းကောင်း၊ ယဇ်ပလ္လင်နှင့် ယဇ်ပလ္လင်တန်ဆာရှိသမျှတို့ကိုလည်းကောင်း၊ ဆီလူး၍ သန့်ရှင်းစေခြင်းအမှုကို လက်စသတ်သောနေ့၌၊ |
ထိုသတ္တမနေ့ကို ဘုရားသခင်သည် ကောင်းချီးပေး၍ သန့်ရှင်းစေတော်မူ၏။ အကြောင်းမူကား ထိုနေ့၌ ဘုရားသခင်သည် မိမိလုပ်ဆောင်သောဖန်ဆင်းခြင်းအမှု အလုံးစုံပြီးဆုံး၍ ငြိမ်ဝပ်စွာနေတော်မူ၏။
ထာဝရဘုရားရှေ့တော်ရှိ ကြေးနီယဇ်ပလ္လင်သည် သေးငယ်၍ မီးရှို့ရာယဇ်၊ ဘောဇဉ်ပူဇော်သက္ကာနှင့် မိတ်သဟာယယဇ်ကောင်၏အဆီတို့ကို ပူဇော်ရန် နေရာမဆံ့ပေ။ ထို့ကြောင့် ထိုနေ့တွင်ပင် ရှင်ဘုရင်သည် ထာဝရဘုရား၏အိမ်တော်ရှေ့ရှိ ဝင်းအတွင်းကိုလည်း သန့်ရှင်းခြင်းဝတ်ကိုပြု၍ ထိုနေရာတွင်ပင် မီးရှို့ရာယဇ်၊ ဘောဇဉ်ပူဇော်သက္ကာနှင့် မိတ်သဟာယယဇ်ကောင်၏အဆီတို့ကို ပူဇော်လေ၏။
“အစ္စရေးအမျိုးသားတို့တွင် လူဖြစ်စေ၊ တိရစ္ဆာန်ဖြစ်စေ သားအိမ်တိုင်းမှအဦးဆုံးထွက်လာသောသားဦးတိုင်းကို ငါပိုင်၏။ ငါ့အတွက် သန့်ရှင်းစေကြလော့”ဟု မိန့်တော်မူ၏။
အပြစ်ဖြေလွှတ်ခြင်းအတွက် နွားထီးတစ်ကောင်ကို အပြစ်ဖြေရာယဇ်အဖြစ် နေ့စဉ်ပူဇော်ရမည်။ ယဇ်ပလ္လင်အတွက် အပြစ်ဖြေလွှတ်ခြင်းကိုပြုခြင်းဖြင့် ယဇ်ပလ္လင်ကိုသန့်စင်စေရမည်။ ယဇ်ပလ္လင်ကိုဘိသိက်သွန်းခြင်းဖြင့် ၎င်းကိုသန့်ရှင်းစေရမည်။
“အစ္စရေးအမျိုးသားတို့ကို ဆင့်ဆိုလော့။ သူတို့ဘိုးဘေးတို့၏အမျိုးအနွယ်အလိုက် ခေါင်းဆောင်တစ်ဦးစီတို့ထံမှ တောင်ဝှေးတစ်ချောင်းစီ စုစုပေါင်းတောင်ဝှေးတစ်ဆယ့်နှစ်ချောင်းကို ယူ၍ သူတို့၏အမည်အသီးသီးကို တောင်ဝှေးပေါ်၌ ရေးလော့။
ယဇ်ပလ္လင်ကို ဘိသိက်သွန်းသောနေ့၌ ခေါင်းဆောင်တို့သည် ယဇ်ပလ္လင်ဆက်ကပ်ခြင်းအတွက် ပူဇော်သက္ကာများကို ယူဆောင်လာ၍ မိမိတို့၏ပူဇော်သက္ကာကို ယဇ်ပလ္လင်ရှေ့၌ ပူဇော်ကြ၏။
ယဇ်ပလ္လင်ကို ဘိသိက်သွန်းသောနေ့၌ ယဇ်ပလ္လင်ဆက်ကပ်ခြင်းအတွက် အစ္စရေးခေါင်းဆောင်တို့ယူဆောင်လာသောပူဇော်သက္ကာမှာ ငွေလင်ပန်း တစ်ဆယ့်နှစ်ခု၊ ငွေဇလုံ တစ်ဆယ့်နှစ်လုံး၊ ရွှေခွက် တစ်ဆယ့်နှစ်လုံး ဖြစ်၏။
မိတ်သဟာယယဇ်အတွက် တိရစ္ဆာန်စုစုပေါင်းမှာ နွားထီးနှစ်ဆယ့်လေးကောင်၊ သိုးထီးအကောင်ခြောက်ဆယ်၊ ဆိတ်ထီးအကောင်ခြောက်ဆယ်၊ တစ်နှစ်သားအရွယ်သိုးသငယ် အကောင်ခြောက်ဆယ် ဖြစ်၏။ ဤသည်ကား ယဇ်ပလ္လင်ကို ဘိသိက်သွန်းပြီးနောက် ယဇ်ပလ္လင်ဆက်ကပ်ခြင်းအတွက် ပူဇော်သက္ကာများ ဖြစ်၏။
မျက်မမြင်တို့၊ မည်သည့်အရာသည် ပို၍ကြီးမြတ်သနည်း။ ပူဇော်သက္ကာလော၊ သို့မဟုတ် ပူဇော်သက္ကာကိုသန့်ရှင်းစေသည့် ယဇ်ပလ္လင်လော။