“အစ္စရေးအမျိုးသားတို့သည် မိမိတို့ပိုင်သောအမွေမြေထဲမှ လေဝိအမျိုးတို့အား နေထိုင်စရာမြို့တို့ကိုလည်းကောင်း၊ ထိုမြို့တို့၏ပတ်ပတ်လည်ရှိ စားကျက်မြေတို့ကိုလည်းကောင်း ပေးရမည်ဟု ဆင့်ဆိုလော့။
``ဣသရေလအမျိုးသားတို့သည်မိမိတို့ ရရှိသောနယ်မြေထဲမှ အချို့သောမြို့များ နှင့်ပတ်ဝန်းကျင်ရှိစားကျက်များကိုလေဝိ အနွယ်အားပေးရမည်။-
ဣ သ ရေ လ အ မျိုး သား တို့ သည် ကိုယ့် ပိုင် စု အ နက် နေ ထိုင် ရန် မြို့ များ နှင့် တ ကွ ပတ် ဝန်း ကျင် ရှိ စား ကျက် များ ကို လေ ဝိ ဂိုဏ်း သား တို့ ဝ တ္ထု ကံ အ ဖြစ် လွှဲ အပ် ကြ စေ ဟု ဆင့် ဆို လော့။
သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊ သူတို့သည် အမွေခံသောမြေ၌ လေဝိသားတို့နေစရာဖို့ မြို့တို့ကိုလည်းကောင်း၊ မြို့ပတ်လည်နယ်တို့ကိုလည်းကောင်း ပေးရကြမည်။
အစ္စရေးလူထုတစ်ရပ်လုံးအား “သင်တို့သဘောတူမည်၊ ငါတို့၏ဘုရားသခင်ထာဝရဘုရားလည်း အခွင့်ပေးမည်ဆိုလျှင် အစ္စရေးပြည်တစ်ပြည်လုံးမှ ကျန်နေသောညီအစ်ကိုတို့မှစ၍ မြို့များနှင့်ဝန်းကျင်ရှိစားကျက်မြေတို့တွင်နေထိုင်ကြသော ယဇ်ပုရောဟိတ်များ၊ လေဝိလူများရှိရာနေရာအနှံ့အပြားသို့ လူကိုစေလွှတ်၍ အကျွန်ုပ်တို့နှင့် လာရောက်ပူးပေါင်းစေမည်။
ယေရောဗောင်မင်းကြီးနှင့် သူ၏သားတို့သည် လေဝိအမျိုးတို့ကို ထာဝရဘုရားအမှုတော်ဆောင်သောယဇ်ပုရောဟိတ်အဖြစ်မှ ရပ်စဲသွားစေသောကြောင့် လေဝိအမျိုးတို့သည် မိမိတို့စားကျက်မြေများအပါအဝင် ပိုင်ဆိုင်ရာများကိုစွန့်ပြီး ယုဒပြည်၊ ဂျေရုဆလင်မြို့သို့ လာကြ၏။
မြို့ပြတစ်မြို့စီနှင့် ဝန်းကျင်ရှိစားကျက်မြေများတွင် နေထိုင်ကြသော အာရုန်သားမြေးယဇ်ပုရောဟိတ်များထဲမှ နာမည်နှင့်တကွ ခွဲခန့်ထားသော ယောက်ျားတို့သည် ယဇ်ပုရောဟိတ်အမျိုးယောက်ျားသားအားလုံးနှင့် လေဝိအမျိုးစာရင်းဝင်သူအားလုံးတို့ကို ဝေစုခွဲဝေပေးရ၏။
လေဝိအမျိုးတို့၏ဝေစုကို မပေးကြသဖြင့် အမှုတော်ထမ်းသောလေဝိအမျိုးနှင့်သီချင်းသည်တို့သည် မိမိတို့လယ်ယာမြေအသီးသီးသို့ ပြန်သွားကြရသည်ကိုလည်း ငါသိရ၏။
လေဝိအမျိုးပိုင်မြေနှင့် မြို့ပိုင်မြေသည် မင်းသားပိုင်မြေနှစ်ခု၏ကြားတွင် ရှိရမည်။ မင်းသားပိုင်မြေသည် ယုဒနယ်နိမိတ်နှင့် ဗင်္ယာမိန်နယ်နိမိတ်ကြားတွင် ရှိရမည်။
ယုဒနယ်နိမိတ်နှင့်ကပ်လျက် အရှေ့ဘက်မှ အနောက်ဘက်တစ်လျှောက်သည် သင်တို့ပေးလှူရမည့် အလှူမြေဖြစ်၏။ ဤမြေသည် အနံအတောင်နှစ်သောင်းငါးထောင်၊ အလျားမှာ မျိုးနွယ်တစ်နွယ်ရသောဝေစုအတိုင်း အရှေ့ဘက်မှ အနောက်ဘက်ခြမ်းတိုင်အောင် အလျားတူရမည်။ ဤမြေ၏အလယ်ဗဟိုတွင် သန့်ရှင်းရာဌာနရှိရမည်။
တစ်ဖန် ဂျေရိခေါမြို့တစ်ဖက်၊ ဂျော်ဒန်မြစ်အနီး၊ မောဘလွင်ပြင်၌ ထာဝရဘုရားက မောရှေအား
ထိုမြို့တို့သည် လေဝိအမျိုးတို့အတွက် နေထိုင်စရာဖြစ်ပြီး စားကျက်မြေတို့သည်လည်း သူတို့၏သိုးနွားတိရစ္ဆာန်အားလုံးတို့အတွက် ဖြစ်ရမည်။
လေဝိအမျိုးတစ်စုံတစ်ယောက်သည် သူနေထိုင်သော အစ္စရေးမြို့တစ်မြို့မှ ထာဝရဘုရားရွေးချယ်တော်မူသောနေရာသို့ စိတ်အားထက်သန်စွာဖြင့် လာ၍