အဆီးရီးယားဘုရင်သည် လာခိရှမြို့မှထွက်သွားကြောင်း ရာဗရှာခကြားသဖြင့် ပြန်သွားရာ ရှင်ဘုရင်သည် လိဗနမြို့အားတိုက်ခိုက်နေသည်ကို တွေ့ရ၏။
တောလည် 33:20 - မြန်မာ့စံမီသမ္မာကျမ်း ရိမ္မုန်ဖာရက်အရပ်မှ ခရီးပြု၍ လိဗနအရပ်၌ စခန်းချကြ၏။ Garrad Bible ရိ မ္မုန် ဖာ ရက် စ ခန်း မှ ချီ ပြန်၍ လိ ဗ န စ ခန်း၌ စွဲ ရပ် ကြ၏။ Judson Bible ရိမ္မုန်ဖာရက်အရပ်မှပြောင်း၍ လိဗနရွာ၌ စခန်းချကြ၏။ |
အဆီးရီးယားဘုရင်သည် လာခိရှမြို့မှထွက်သွားကြောင်း ရာဗရှာခကြားသဖြင့် ပြန်သွားရာ ရှင်ဘုရင်သည် လိဗနမြို့အားတိုက်ခိုက်နေသည်ကို တွေ့ရ၏။
မောရှေသည် အမျိုးအနွယ်တစ်နွယ်လျှင် အယောက်တစ်ထောင်စီကို စစ်ပွဲသို့ စေလွှတ်လေ၏။ သူတို့နှင့်အတူ ယဇ်ပုရောဟိတ်ဧလာဇာ၏သား ဖိနဟတ်ကိုလည်း သန့်ရှင်းရာဌာန၏တန်ဆာပလာများနှင့် အချက်ပေးတံပိုးခရာများပါလျက် စစ်ပွဲသို့ စေလွှတ်လေ၏။
ဂျော်ဒန်မြစ်တစ်ဖက်၊ တောကန္တာရရှိပါရန်အရပ်နှင့် တောဖလ၊ လာဗန်၊ ဟာဇရုတ်၊ ဒိဇဟတ်အရပ်တို့အကြား သုဖနှင့်မျက်နှာချင်းဆိုင်အရာဗလွင်ပြင်၌ အစ္စရေးအမျိုးသားအပေါင်းတို့အား မောရှေဆင့်ဆိုသောစကားများကား ဤသို့ဖြစ်၏။
ထို့နောက် ယောရှုနှင့်အစ္စရေးစစ်သည်အပေါင်းတို့သည် မက္ကဒါမြို့မှ လိဗနမြို့သို့ ချီတက်ပြီး လိဗနမြို့ကို တိုက်ခိုက်ကြ၏။