သင်တို့ထဲမှ ငါးယောက်သည် အယောက်တစ်ရာကိုလိုက်လိမ့်မည်။ အယောက်တစ်ရာသည် အယောက်တစ်သောင်းကိုလိုက်လိမ့်မည်။ သင်တို့၏ရန်သူတို့သည် သင်တို့၏ရှေ့မှောက်၌ ဓားလက်နက်ဖြင့် ကျဆုံးကြရလိမ့်မည်။
တောလည် 31:4 - မြန်မာ့စံမီသမ္မာကျမ်း အစ္စရေးအမျိုးအနွယ်အားလုံးထဲမှ အမျိုးအနွယ်တစ်နွယ်လျှင် အယောက်တစ်ထောင်စီကို စစ်ပွဲသို့ စေလွှတ်ရမည်”ဟု မိန့်ကြားလေ၏။ Common Language Bible စစ်ချီတက်တိုက်ခိုက်ရန်ဣသရေလအနွယ် များမှ တစ်နွယ်လျှင်လူတစ်ထောင်ကျစေ လွှတ်လော့'' ဟုဆို၏။ Garrad Bible ရဲ မက် လက် နက် ကိုင် တို့ ကို ဣ သ ရေ လ အ နွယ် အ သီး သီး၌ တစ် နွယ် လျှင် တစ် ထောင် ကျ ချီ ကြ စေ ဟု ဆင့် ဆို သည် နှင့် အ ညီ၊ Judson Bible ဣသရေလအမျိုးအနွယ်တို့တွင် တစ်မျိုးတစ်မျိုးထဲက၊ လူတစ်ထောင်စီရွေး၍ စစ်ချီစေဟု စီရင်သည်အတိုင်း၊ |
သင်တို့ထဲမှ ငါးယောက်သည် အယောက်တစ်ရာကိုလိုက်လိမ့်မည်။ အယောက်တစ်ရာသည် အယောက်တစ်သောင်းကိုလိုက်လိမ့်မည်။ သင်တို့၏ရန်သူတို့သည် သင်တို့၏ရှေ့မှောက်၌ ဓားလက်နက်ဖြင့် ကျဆုံးကြရလိမ့်မည်။
မောရှေကလည်း လူတို့အား “မိဒျန်လူမျိုးအား ထာဝရဘုရားလက်တုံ့ပြန်ခြင်းအမှုကိုပြုရန် သင်တို့ထဲမှ လူအချို့ကို စစ်တိုက်ဖို့ လက်နက်ကိုင်စွဲစေပြီး မိဒျန်လူမျိုးတို့ထံသို့ ချီတက်စေလော့။
သို့ဖြစ်၍ သူတို့သည် ထောင်ပေါင်းများစွာသောအစ္စရေးလူမျိုးထဲမှ အမျိုးအနွယ်တစ်နွယ်လျှင် အယောက်တစ်ထောင်စီဖြင့် စစ်ပွဲအတွက် လက်နက်ကိုင်စွဲသူ အယောက်တစ်သောင်းနှစ်ထောင်ကို စုဆောင်းပေးလေ၏။
ထာဝရဘုရားက ဂိဒေါင်အား “သင်နှင့်အတူ ပါလာသောသင့်လူတို့သည် အလွန်များသောကြောင့် သူတို့လက်သို့ မိဒျန်လူမျိုးတို့ကို ငါမအပ်။ အပ်မည်ဆိုလျှင် အစ္စရေးလူမျိုးတို့က ‘ငါတို့၏လက်ရုံးသည် ငါတို့ကိုကယ်တင်ပြီ’ဟု ဝါကြွားပြောဆိုကြလိမ့်မည်။
ယောနသန်က လက်နက်ကိုင်လုလင်အား “လာပါ။ အရေဖျားမလှီးသောထိုသူတို့၏ကင်းတပ်သို့ ကူးသွားကြစို့။ ထာဝရဘုရား ငါတို့နှင့် ပါရှိကောင်းပါရှိတော်မူလိမ့်မည်။ ထာဝရဘုရားသည် မည်သည့်အမှု၌မဆို လူအနည်းငယ်နှင့်ဖြစ်စေ၊ လူအများနှင့်ဖြစ်စေ အတားအဆီးမရှိကယ်တင်ပေးနိုင်သည်”ဟု ဆို၏။