တောလည် 31:36 - မြန်မာ့စံမီသမ္မာကျမ်း စစ်ထွက်တိုက်သူတို့ ရရှိသောတစ်ဝက်ဝေစုမှာ သိုး အရေအတွက် သုံးသိန်းသုံးသောင်းခုနစ်ထောင့်ငါးရာ၊ Common Language Bible စစ်သည်တို့အတွက်ထက်ဝက်ဝေစုမှာ သိုး နှင့်ဆိတ်ကောင်ရေပေါင်းသုံးသိန်းသုံးသောင်း ခုနစ်ထောင့်ငါးရာဖြစ်၍ ၎င်းတို့အနက် ထာဝရဘုရားအတွက်အခွန်အဖြစ်ဆက် သရန်ကောင်ရေမှာ ခြောက်ရာ့ခုနစ်ဆယ့်ငါး ဖြစ်သည်။ စစ်သည်တို့အတွက်ဝေစုနွားကောင် ရေသုံးသောင်းခြောက်ထောင်ဖြစ်၍ ၎င်းတို့အနက် ထာဝရဘုရားအတွက်အခွန်အဖြစ်ဆက် သရန် ကောင်ရေမှာခုနစ်ဆယ့်နှစ်ကောင်ဖြစ် သည်။ စစ်သည်တို့အတွက်ဝေစုမှာမြည်း ကောင်ရေသုံးသောင်းငါးရာဖြစ်၍၎င်းတို့ အနက် ထာဝရဘုရားအတွက်အခွန် အဖြစ်ဆက်သရန်ကောင်ရေမှာခြောက်ဆယ့် တစ်ဖြစ်သည်။ စစ်သည်တို့အတွက်ဝေစု မှာအပျိုကညာတစ်သောင်းခြောက်ထောင် ယောက်ဖြစ်၍ ၎င်းတို့အနက်ထာဝရဘုရား အတွက်အခွန်အဖြစ်ဆက်သရန်အတွက် မှာသုံးဆယ့်နှစ်ယောက်ဖြစ်သည်။- Garrad Bible စစ် ထွက် ခဲ့ သော သူ ရဲ တို့၏ ထက် ဝက် စု တည်း ဟူ သော သိုး ဆိတ် သုံး သိန်း သုံး သောင်း ခု နစ် ထောင့် ငါး ရာ၊ Judson Bible စစ်တိုက်သွားသောသူတို့ခံရသော ထက်ဝက်အဖို့ကား၊ သိုး သုံးသိန်း သုံးသောင်းခုနစ်ထောင်ငါးရာ ရှိသည်ဖြစ်၍၊ |
ထိုသိုးတို့ထဲမှ ထာဝရဘုရားအဖို့ ချီမြှောက်ရာပူဇော်သက္ကာမှာ ခြောက်ရာခုနစ်ဆယ့်ငါးကောင်၊