သို့သော် ယောက်ျားနှင့်မဆက်ဆံဖူးသော မိန်းကလေးရှိသမျှတို့ကို သင်တို့အဖို့ အသက်ချမ်းသာခွင့်ပေးလော့။
တောလည် 31:17 - မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် ယခု ယောက်ျားသူငယ်အားလုံး၊ ယောက်ျားနှင့်ဆက်ဆံဖူးသောမိန်းမအားလုံးကို သတ်ပစ်လော့။ Common Language Bible သို့ဖြစ်၍ယောကျာ်းကလေးများနှင့် ယောကျာ်း နှင့်ဆက်ဆံဖူးသောမိန်းမရှိသမျှတို့ ကိုသတ်လော့။- Garrad Bible သို့ ဖြစ်၍ အ ပျို က ညာ ဖြစ် သော သူ ငယ် မ ရှိ သ မျှ ကို ကိုယ့် အ ဖို့ အ ရှင် ထား လျက်၊ သူ ငယ် ယောက်ျား ရှိ သ မျှ နှင့် အ ပျို က ညာ မ ဟုတ် သော မိန်း မ တိုင်း ကို ကား ကွပ် မျက် ကြ လော့။ Judson Bible ထိုကြောင့်၊ သူငယ်ယောက်ျားအပေါင်းကိုလည်းကောင်း၊ ယောက်ျားနှင့်ဆက်ဆံဖူးသော မိန်းမအပေါင်းကိုလည်းကောင်း၊ သတ်ကြလော့။ |
သို့သော် ယောက်ျားနှင့်မဆက်ဆံဖူးသော မိန်းကလေးရှိသမျှတို့ကို သင်တို့အဖို့ အသက်ချမ်းသာခွင့်ပေးလော့။
သင်၏ဘုရားသခင်ထာဝရဘုရားသည် ထိုမြို့ကို သင့်လက်သို့အပ်သောအခါ ထိုမြို့ရှိယောက်ျားအားလုံးကို ဓားဖြင့် သတ်ရမည်။
သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် ထိုလူမျိုးတို့ကို သင်တို့လက်သို့ အပ်တော်မူသောအခါ သူတို့ကို တိုက်ခိုက်၍ အကုန်အစင်ဖျက်ဆီးပစ်ရမည်။ သူတို့နှင့် ပဋိညာဉ်မဖွဲ့ရ။ သူတို့ကို မသနားရ။
ထိုအခါ သူတို့က ရဲစွမ်းသတ္တိရှိသောစစ်သူရဲတစ်သောင်းနှစ်ထောင်ကို စေလွှတ်၍ “ယာဗက်ဂိလဒ်မြို့သားတို့ကို မိန်းမရော ကလေးပါမကျန် ဓားနှင့်သတ်ပစ်ရမည်။