လူဖြစ်စေ၊ တိရစ္ဆာန်ဖြစ်စေ ထာဝရဘုရားထံ ပူဇော်သည့် သားအိမ်မှအဦးဆုံးထွက်လာသောသတ္တဝါရှိသမျှသည် သင့်အဖို့ဖြစ်၏။ သို့သော် သင်သည် လူ၏သားဦးကို အမှန်ရွေးနုတ်ရမည်။ မစင်ကြယ်သောတိရစ္ဆာန်၏သားဦးကိုလည်း ရွေးနုတ်ရမည်။
တောလည် 3:41 - မြန်မာ့စံမီသမ္မာကျမ်း အစ္စရေးအမျိုးသားတို့၏သားဦးရှိသမျှတို့အစား လေဝိအမျိုးတို့ကိုလည်းကောင်း၊ အစ္စရေးအမျိုးသားတို့၏တိရစ္ဆာန်သားဦးရှိသမျှတို့အစား လေဝိအမျိုးတို့၏တိရစ္ဆာန်တို့ကိုလည်းကောင်း ငါ့အဖို့ ယူရမည်။ ငါသည် ထာဝရဘုရားဖြစ်၏”ဟု မိန့်တော်မူ၏။ Judson Bible ဣသရေလအမျိုးသားဦးအပေါင်းတို့အတွက် လေဝိသားတို့ကိုလည်းကောင်း၊ ဣသရေလအမျိုးသားတို့၌ တိရစ္ဆာန်သားဦးအပေါင်းတို့အတွက် လေဝိသားတို့၌ရှိသော တိရစ္ဆာန်များကိုလည်းကောင်း၊ ငါ့အဖို့ယူလော့။ ငါသည်ထာဝရဘုရားဖြစ်သည်ဟု၊ |
လူဖြစ်စေ၊ တိရစ္ဆာန်ဖြစ်စေ ထာဝရဘုရားထံ ပူဇော်သည့် သားအိမ်မှအဦးဆုံးထွက်လာသောသတ္တဝါရှိသမျှသည် သင့်အဖို့ဖြစ်၏။ သို့သော် သင်သည် လူ၏သားဦးကို အမှန်ရွေးနုတ်ရမည်။ မစင်ကြယ်သောတိရစ္ဆာန်၏သားဦးကိုလည်း ရွေးနုတ်ရမည်။
“ငါသည် အစ္စရေးအမျိုးသားတို့တွင် သားအိမ်မှအဦးဆုံးထွက်လာသောသားဦးရှိသမျှတို့အစား အစ္စရေးအမျိုးသားတို့ထဲမှ လေဝိအမျိုးတို့ကို ရွေးယူသည်ဖြစ်၍ လေဝိအမျိုးတို့သည် ငါ့အပိုင်ဖြစ်ရမည်။
အကြောင်းမူကား သားဦးရှိသမျှတို့ကို ငါပိုင်၏။ အီဂျစ်ပြည်၌ သားဦးအပေါင်းတို့ကို ငါဒဏ်ခတ်သောနေ့တွင် ငါသည် အစ္စရေးလူမျိုးတို့ထဲမှ လူမှစ၍ တိရစ္ဆာန်၏သားဦးရှိသမျှတို့ကို ငါ့အဖို့ သန့်ရှင်းစေခဲ့သောကြောင့် သူတို့သည် ငါ့အပိုင်ဖြစ်၏။ ငါသည် ထာဝရဘုရားဖြစ်၏”ဟု မိန့်တော်မူ၏။
သို့ဖြစ်၍ ထာဝရဘုရားမိန့်မှာထားသည့်အတိုင်း မောရှေသည် အစ္စရေးအမျိုးသားတို့၏သားဦးအပေါင်းတို့ကို ရေတွက်လေ၏။
“အစ္စရေးအမျိုးသားတို့၏သားဦးရှိသမျှတို့အစား လေဝိအမျိုးတို့ကိုလည်းကောင်း၊ အစ္စရေးအမျိုးသားတို့၏တိရစ္ဆာန်အစား လေဝိအမျိုးတို့၏တိရစ္ဆာန်ကိုလည်းကောင်း ငါ့အဖို့ ယူရမည်။ လေဝိအမျိုးတို့သည် ငါ့အဖို့ဖြစ်ရမည်။ ငါသည် ထာဝရဘုရားဖြစ်၏။
အကြောင်းမူကား သူတို့သည် အစ္စရေးအမျိုးသားတို့ထဲမှရွေးကောက်၍ ငါ့အား လုံးလုံးပေးအပ်ထားခြင်းခံရသူများဖြစ်၏။ ငါသည် အစ္စရေးအမျိုးသားတို့တွင် သားအိမ်တိုင်းမှအဦးဆုံးထွက်လာသောသားဦးရှိသမျှတို့အစား သူတို့ကို ငါ့အတွက် ငါရွေးယူပြီ။
ထိုအရှင်သည် လူအပေါင်းတို့အတွက် ရွေးနုတ်စရာအဖိုးအခအဖြစ် မိမိကိုယ်ကိုပေးအပ်တော်မူ၏။ ဤသည်ကား အချိန်တန်သောအခါ ပေးတော်မူသောသက်သေခံချက်ဖြစ်၏။