“အစ္စရေးအမျိုးသားတို့တွင် လူဖြစ်စေ၊ တိရစ္ဆာန်ဖြစ်စေ သားအိမ်တိုင်းမှအဦးဆုံးထွက်လာသောသားဦးတိုင်းကို ငါပိုင်၏။ ငါ့အတွက် သန့်ရှင်းစေကြလော့”ဟု မိန့်တော်မူ၏။
တောလည် 3:12 - မြန်မာ့စံမီသမ္မာကျမ်း “ငါသည် အစ္စရေးအမျိုးသားတို့တွင် သားအိမ်မှအဦးဆုံးထွက်လာသောသားဦးရှိသမျှတို့အစား အစ္စရေးအမျိုးသားတို့ထဲမှ လေဝိအမျိုးတို့ကို ရွေးယူသည်ဖြစ်၍ လေဝိအမျိုးတို့သည် ငါ့အပိုင်ဖြစ်ရမည်။ Judson Bible ဣသရေလအမျိုးတွင် အဦးဖွားမြင်သောသားဦးများအတွက် လေဝိသားတို့ကို ငါရွေးယူသောကြောင့်၊ လေဝိသားတို့သည် အထူးသဖြင့် ငါ၏လူဖြစ်ရကြမည်။ |
“အစ္စရေးအမျိုးသားတို့တွင် လူဖြစ်စေ၊ တိရစ္ဆာန်ဖြစ်စေ သားအိမ်တိုင်းမှအဦးဆုံးထွက်လာသောသားဦးတိုင်းကို ငါပိုင်၏။ ငါ့အတွက် သန့်ရှင်းစေကြလော့”ဟု မိန့်တော်မူ၏။
ငါသည် သင်တို့၏အမျိုးသားချင်းလေဝိအမျိုးတို့ကို အစ္စရေးအမျိုးသားတို့ထဲမှ ရွေးယူပြီ။ သူတို့သည် တွေ့ဆုံစည်းဝေးရာတဲတော်၏အမှုကိစ္စကိုဆောင်ရွက်ရန် သင်တို့အတွက်လက်ဆောင်အဖြစ် ထာဝရဘုရားထံ ဆက်ကပ်ထားခြင်းခံရသူများဖြစ်၏။
အစ္စရေးအမျိုးသားတို့၏သားဦးရှိသမျှတို့အစား လေဝိအမျိုးတို့ကိုလည်းကောင်း၊ အစ္စရေးအမျိုးသားတို့၏တိရစ္ဆာန်သားဦးရှိသမျှတို့အစား လေဝိအမျိုးတို့၏တိရစ္ဆာန်တို့ကိုလည်းကောင်း ငါ့အဖို့ ယူရမည်။ ငါသည် ထာဝရဘုရားဖြစ်၏”ဟု မိန့်တော်မူ၏။
“အစ္စရေးအမျိုးသားတို့၏သားဦးရှိသမျှတို့အစား လေဝိအမျိုးတို့ကိုလည်းကောင်း၊ အစ္စရေးအမျိုးသားတို့၏တိရစ္ဆာန်အစား လေဝိအမျိုးတို့၏တိရစ္ဆာန်ကိုလည်းကောင်း ငါ့အဖို့ ယူရမည်။ လေဝိအမျိုးတို့သည် ငါ့အဖို့ဖြစ်ရမည်။ ငါသည် ထာဝရဘုရားဖြစ်၏။
ဤသို့ဖြင့် သင်သည် အစ္စရေးအမျိုးသားတို့တွင် လေဝိအမျိုးတို့ကို သီးခြားခွဲထားရမည်။ လေဝိအမျိုးတို့သည် ငါပိုင်ဆိုင်ရာဖြစ်ကြရလိမ့်မည်။
အကြောင်းမူကား သူတို့သည် အစ္စရေးအမျိုးသားတို့ထဲမှရွေးကောက်၍ ငါ့အား လုံးလုံးပေးအပ်ထားခြင်းခံရသူများဖြစ်၏။ ငါသည် အစ္စရေးအမျိုးသားတို့တွင် သားအိမ်တိုင်းမှအဦးဆုံးထွက်လာသောသားဦးရှိသမျှတို့အစား သူတို့ကို ငါ့အတွက် ငါရွေးယူပြီ။
အစ္စရေးအမျိုးသားတို့ထဲမှ သားဦးအားလုံးအစား လေဝိအမျိုးတို့ကို ငါရွေးယူပြီ။